(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကရင်ပြည်နယ်နေ့ ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲ မုဒ်ဦးဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၇)ရက်မှာ ဘားအံမြို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့နိုဝင်ဘာလ(၇)ရက်နေ့ဟာ ကရင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ ကရင်ပြည်နယ်နေ့ ဖြစ်ပါတယ်။ ဒီကနေ့မှာ ကျရောက်တဲ့ကရင်ပြည်နယ်နေ့အခမ်းအနားကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သဝဏ်လွှာပေးပို့ခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောစုဝန်ကြီး ဦးနိုင်သက်လွင်မှ သဝဏ်လွှာကို ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။ 
 
အဲဒီနောက်မှာ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်ဂုဏ်ဆောင် ထူးချွန်သူများကို ဂုဏ်ပြုဆုချီးမြင့်ခဲ့ပါတယ်။ ကရင်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားအပြီးမှာ ကရင်ပြည်နယ်နေ့ပြခန်းများနှင့် ပျော်ပွဲရွှင်ပွဲမုခ်ဦးကို ဖွင့်လှစ်ခဲ့ပါတယ်။  အခုကျင်းပနေတဲ့ ကရင်ပြည်နယ်နေ့မှာကရင်ရိုးရာဒုံးအကပြိုင်ပွဲတွေ၊ ဇာတ်သဘင်ပွဲတွေ၊ ကုန်စည်ပြ၊ ဈေးဆိုင်ခန်းတွေနဲ့ အားကစားပြိုင်ပွဲတွေဖြစ်တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ လှေလှော်ပြိုင်ပွဲတွေ ပါဝင်ပြီး နိုဝင်ဘာလ(၇)ရက်ကနေ (၁၁)ရက်ထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

 


 

Related News