ကြိုးဆွဲမြန်မာ့ရုပ်သေးအရုပ်တစ်ရုပ်ရရှိဖို့ အချိန်ယူဆောင်ရွက်ရတယ်လို့သိရပါတယ်။ ရုပ်သေးရုပ်တစ်ရုပ်ပြုလုပ် ဆောင်ရွက်ရာမှာ အဆင့်သုံးဆင့်နဲ့ ဆောင်ရွက်ရတာ ဖြစ်ပြီး ဦးခေါင်းပိုင်း၊ ကိုယ်ထည်ပိုင်းနဲ့ တင်ပဆုံပိုင်းဆိုပြီး သုံးပိုင်းခွဲပြီး ပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုရုပ်သေးရုပ်တစ်ရုပ်ရဖို့ ရက်၂၀ခန့်ကြာမြင့်တယ်လို့သိရပါတယ်။ မြန်မာ့ ရုပ်သေးပညာဟာ နရပတိမင်းလက်ထက် မြန်မာသက္ကရာဇ် ၈၀၆ ခုနှစ် (ခရစ်နှစ် ၁၄၄၄ ခုနှစ်) ၁၄ ရာစု ကာလတွင် မြ၀တီ မင်းကြီးဦးစက သဘင်သည်တို့ကိုယ်စား အရုပ်များကို အစားထိုးကပြရာမှ ရုပ်သေး အနုပညာရပ်ဆိုပြီး ပေါ်ပေါက် လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သေးပညာရပ်ဟာ လူကိုယ်တိုင်အစား အရုပ်ကလေးတွေကို လှုပ်ရှားကပြသရုပ်ဆောင်ရတာကြောင့် ရုပ်သေးရုပ်ကို ထုလုပ်ဆောင်ရွက်ရာမှာလည်း လူတစ်ယောက်ရဲ့ သက်ဝင်လှုပ်ရှားမှုဟန်ပန်တွေပါအောင် ဆောင်ရွက်ရတယ်လို့ ရုပ်သေးထိုးပညာရှင် ဦးအောင်သန်းထွန်းက ပြောပါတယ်။ လူနဲ့ တူအောင် အနီးစပ်ဆုံးလုပ်ရတဲ့အတွက် အရုပ်ရဲ့ အဆက်ပိုင်းတွေက အရေးကြီးတယ်လို့ သိရပါတယ်။ အဆက်ပိုင်းတွေကလည်း ကြိုးဆွဲတဲ့ လူအပေါ်မူတည်ပြီး အရပ်အတိုအရှည်တွေကို လုပ်ဆောင်ရတယ်လို့ သိရပါတယ်။  အကြမ်းပြုလုပ်ပြီးသား ရုပ်သေး မျက်နှာနဲ့ ကိုယ်ထည်တို့ကို အလှဆေးခြယ်တာ ခေါင်းမှာ ဆံပင်စိုက်တာ အရုပ်မှာ တပ်ဆင်ရမယ့် ကြိုးများကို ကျစ်တာနဲ့ ခြေ၊ လက်၊ ခေါင်း၊ လည်ပင်းတို့အား ကိုယ်ထည်နဲ့ ဆက်ရတယ်လို့ သိရပါတယ်။

အဲ့ဒီ့နောက်မှာတော့ တပ်ဆင်ထားပြီးသော လည်ပင်း၊ ခြေ၊ လက်တို့ကို ပြုတ်မထွက်စေရန် ကကြိုးကကွက်များ လိုအပ်သလို ကပြနိုင်စေရန်အတွက် အ၀တ်စနဲ့ တင်းကျပ်စွာ ကျပ်စည်းပေးခြင်း၊ နောက်ဆုံးအဆင့် အနေဖြင့် တပ်ဆင်ပြီးစီးသွားတဲ့ အရုပ်ကိုယ်ထည်တို့ကို အင်္ကျီဝတ်ဆင်ပေးကာ ကကြိုး များတပ်ဆင်ပြီးပြီ ဆိုရင်တော့ ရုပ်သေးရုပ်တစ်ရုပ်ကို ရရှိနိုင်ပြီ ဖြစ်တယ်လို့ ရုပ်သေးထိုးပညာရှင် ဦးအောင်သန်းထွန်းက ပြောပါတယ်။ ရုပ်သေးတစ်ရုပ်ပြုလုပ်ဖို့ အချိန်ရက်(၂၀)နီးပါးလောက်ယူရပြီး ရုပ်သေးရုပ်အများစုကို ယမနေသစ်သား နဲ့ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

ရုပ်သေးရုပ်တစ်ရုပ်ရဲ့ ဈေးနှုန်းတွေကလည်း အရုပ်အရွယ်အစားပေါ်မူတည်ပြီး ဈေးနှုန်ူးသတ်မှတ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ရုပ်သေးထိုးပညာရှင်တွေ ရှားပါးလာတာကြောင့် ပညာရပ်တွေ ဖြန့်ဝေနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။


 

 

Related News