မန်ချက်စတာယူနိုက်တက်အားပေးသူများကလပ် MUSCNရဲ့ Offical Member Card ပေးအပ်ခြင်းနဲ့ အသင်းမန်ဘာဝင်များ တွေ့ဆုံပွဲကို နိုဝင်ဘာလ(၃)ရက်နေ့က ရန်ကုန်မြို့ Vista Bar ပြုလုပ်ခဲ့ပါတယ်။ အားကစားသတင်းထောက်ချမ်းမင်းစိုးက ဆက်လက်တင်ဆက်ပေးပါမယ်။ မန်ချက်စတာယူနိုက်တက်အားပေးသူများကလပ် MUSCMအနေနဲ့ အခုလိုMember၀င်တွေ တွေ့ဆုံပွဲကို မကြာခဏ ပြုလုပ်လေ့ရှိပြီး ဒီအဖွဲ့အစည်းကတော့ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တရားဝင် Fan Club အဖြစ် အသိအမှတ်ပြုခံထားခဲ့ရတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ အဖွဲ့ဝင်(၁၀၀)ကျော်ရှိပြီး ရန်ကုန်၊မန္တလေးနဲ့ ပြည်မြို့ စတဲ့ မြို့ကြီးတွေက Member၀င်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ အခု တစ်ကြိမ်ဆုံပွဲမှာဆိုရင်တော့ အခုနှစ်(၂၀၁၈/၂၀၁၉) ဘောလုံး ရာသီအတွက် မန်ချက်စတာယူနိုက်တက်အသင်း ကို အားပေးတဲ့ အဖွဲ့ဝင်အသစ်တွေကို Offical Member Card ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးတဲ့ ပရိသတ်တွေအတွက် Game အစီအစဉ်တွေနဲ့ ကံစမ်းမဲအစီအစဉ်တွေကိုပါ ထည့်သွင်းကျင်းပခဲ့ပြီး အဲဒီနောက်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်()ရဲ့ အစောဆုံး ပွဲစဉ်တစ်ပွဲဖြစ်တဲ့မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့  ပွဲစဉ်ကို စုဝေးကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးကြတဲ့ အဖွဲ့ဝင်များတွေ့ဆုံပွဲကို နောက်ထပ် ပြုလုပ်သွားဖို့ရှိပြီး အဖွဲ့ဝင်လိုသူတွေအနေနဲ့လည်း ၀င်ရောက်နိုင်တယ်လို့ သိရပါတယ်။

 

 

Related News