Constructions ကြီးများနဲ့ Real Estate  အေဂျင်စီတို့ပူးပေါင်းကျင်းပတဲ့ အိမ်ခြံမြေအရောင်းပြပွဲကို နိုဝင်ဘာလ(၃)ရက် နဲ့ (၄)ရက်က  ရန်ကုန်မြို့ရှိ  Myanmar Culture Valley (People Park) မှာ ပြုလုပ်ခဲ့ပါတယ်။ သော်တာဝင်းက တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
ပြပွဲမှာတော့ မိုးမြင့်စံ၊ ဆန်းမြတ်ထွန်း၊ သီရိဇော် ၊ အစရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ပူးပေါင်းပြီး ရန်ကင်း မြို့နယ် ၊ ကမာရွတ်မြို့နယ်၊ တောင်ဥက္ကလာမြို့နယ် ၊ မင်္ဂလာတောင်ညွှန့် မြို့နယ် နဲ့ အခြားမြို့နယ်စုံမှ တိုက်ခန်းများ၊ကွန်ဒိုများကို ပြသရောင်းချခဲ့တာဖြစ်ပါတယ်။ အိမ်ရာဈေးနှုန်းတွေအနေနဲ့ အနိမ့်ဆုံး ငွေကျပ်သိန်း(၃၀၀)မှ စတင်ပြီး ရောင်းချပေးခဲ့သလို Customer တွေဝယ်ယူရာမှာ အဆင်ပြေစေဖို့ ရိုးမဘဏ်နဲ့ လည်းချိတ်ဆက်ဝယ်ယူနိုင်အောင် စီစဉ်မှုတွေပြုလုပ်ပေးထားတာဖြစ်တယ်လို့ ရွှေဥဒေါင်းမင်း အိမ်ခြံမြေ မှ တာဝန်ရှိသူကအခုလိုပြောပါတယ်။ 
 

ဒါ့အပြင် Real Eastate Company ကလည်းမြိုနယ်အစုံမှာရှိတဲ့ လုံးချင်းအိမ်ရာများ၊ စက်မှုဇုန်တွေအတွက် အရောင်း ၊ အငှားများအပြင် မြေကွက်များ ကို တစ်နေရာထဲမှာ  စုံလင်စွာပြသခဲ့တာဖြစ်ပါတယ်။  ပြည်တွင်းမှာ အိမ်ခြံမြေ အရောင်းအ၀ယ် ပြပွဲတွေ ပြုလုပ်တာ များပြား နေပေမယ့်  (၂၀၁၄) ခုနှစ်ကစတင်ပြီး အရောင်းအ၀ယ် အေးလာတယ်လို့ သိရပါတယ်။ ပထမအကြိမ်ပြုလုပ်တဲ့ အိမ်ခြံမြေအရောင်းပြပွဲကို  ဇူလိုင်လကပြုလုပ်ခဲ့ပြီး အခုပြုလုပ်တာကတော့ ဒုတိယအကြိမ်ပြုလုပ်တာလည်း ဖြစ်ပါတယ်။

 

 

Related News