MYANMAR KOICA  CLUB ရဲ့ ရာသက်ပန် အသင်းသားတွေ တက်ရောက် ဆွေးနွေးခဲ့ကြတဲ့ နှစ်ပတ်လည် စုံညီ အစည်းအဝေးကို နိုဝင်ဘာလ ၃ ရက်က PARK ROYAL Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ MYANMAR KOICA  CLUB ကို ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ရဲ့ အစီအစဉ်နဲ့ ကိုရီးယားနိုင်ငံထံ ပညာတော်သင် သွားရောက်ခဲ့ကြတဲ့ အစိုးရဝန်ထမ်းတွေ (ကျောင်းသား၊ ကျောင်းသူဟောင်းတွေ)က ၂၀၁၀ ပြည့်နှစ်ကတည်းက ဖွဲ့စည်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အသင်းရဲ့ နှစ်ပတ်လည် အစည်းအဝေးကိုတော့ အသင်းစတင်ဖွဲ့စည်းချိန်မှစပြီး တနှစ်တကြိမ် ပုံမှန်ဆောင်ရွက်ခဲ့ပြီး ယခု ရှစ်ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် MYANMAR KOICA  CLUB က ပြည်ထောင်စုမှတ်ပုံတင်ရေးရုံးမှာ တရားဝင် မှတ်ပုံတင်ရထားပြီး တစ်နိုင်ငံလုံး လှုပ်ရှားခွင့်ရှိတဲ့ အသင်းလို့ သိရပါတယ်။MYANMAR KOICA  CLUB  မှာတော့ လုပ်ငန်းစဉ် နှစ်ရပ်ခွဲထားပြီး နှစ်ပတ်လည်အစည်းအဝေး ပြုလုပ်တာအပြင် KOICA မြန်မာရုံးရဲ့ ရန်ပုံငွေအကူအညီနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို တာဝန်ခွဲဝေယူကာ ဆောင်ရွက်နေတယ်လို့သိရပါတယ်။ 

ယခုနှစ်အတွင်းမှာတော့ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းကို သွားရောက်ပြီး စာရေးကိရိယာ၊ စာသင်ခုံ၊ ထမင်းစားပွဲဝိုင်း အစရှိတာတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနှံ့  လူမှုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အသင်းသားတွေ လိုအပ်နေသေးတယ်လို့သိရပါတယ်။ MYANMAR KOICA  CLUB  သာ လူအင်အားတောင့်တင်းလာရင် KOICA မြန်မာရုံးက လုပ်နိုင်စွမ်းရှိတယ်လို့ သတ်မှတ်ပြီး အကူအညီတွေ ဒီထပ်ပေးအပ်လာမှာ ဖြစ်တယ်လို့ ဒုတိယ ဥက္ကဋ္ဌက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ KOICA အစီအစဉ်နဲ့ ပညာတော်သင်သွားရောက်ပြီးသူ နှစ်ထောင်ကျော်ရှိနေပေမဲ့ MYANMAR KOICA  CLUB  မှာ ပါဝင်လှုပ်ရှားနေတဲ့ အသင်းသားတွေကတော့ ၁၈၀ ဦးရေ နီးပါးပဲ ရှိတယ်လို့ သိရပါတယ်။ 

နှစ်ပတ်လည်အစည်းအဝေးမှာ လစ်လပ်သွားတဲ့ အလုပ်အမှုဆောင်နေရာတွေကို အစားထိုးခန့်အပ်တာတွေပြုလုပ်ခဲ့ပြီး အစည်းအဝေးပြီးတဲ့နောက်မှာ ညစာနဲ့တည်ခင်းဧည့်ခံတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ 

 

 

Related News