ကိုယ်ဝန်ဆောင်နှင့် ကလေးတို့ အာဟာရပြည့်ဝလုံလောက်စေဖို့ အတွက်ကို Kalay ကျန်းမာရေးဟောပြောပွဲကို နိုဝင်ဘာလ(၃)ရက်က  ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေလမင်းဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။ Kalay.com.mm ကဦးစီးပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးမိဘတွေအတွက် အာဟာရပြည့်ဝလုံလောက်စေဖို့ ဆိုတဲ့ခေါင်းစဉ်နဲ့ ကျန်းမာရေး ဟောပြောပွဲကိုပြုလုပ်ခဲ့ပါတယ်။

ဆရာကြီး၊ ဆရာမကြီးတွေရဲ့ဟောပြောမှုတွေနဲ့  ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်တွေကို ဘယ်လိုမျိုး မိခင်နို့ တိုက်ကျွေးသင့်လဲ၊ ဆောင်ရန်၊ ရှောင်ရန်များ အကြောင်းအရာများ၊  ကိုယ်ဝန်ဆောင်မိခင်များသိချင်တဲ့ အကြောင်းအရာများကိုပြန်လည်ဖြေကြားပေးနိုင်အောင်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ သားသားမီးမီးတွေအတွက် ကျန်းမာပြီးအာဟာရ ပြည့်ဝစေဖို့ စားသောက်ပုံစနစ် ၊ သတိထားရမယ့် အစားအစာတွေနဲ့  ပြုမူနေထိုင်မှုတွေ စတဲ့ အကြောင်းအရာများကိုဆွေးနွေးပြော ကြားခဲ့ပြီ ကိုယ်ဝန်ဆောင်ဆရာမတစ်ဦးကလည်းလက်တွေ့သရုပ်ပြသခဲ့ပါတယ်။  ဒီအခမ်းအနားကို ကိုယ်ဝန်ဆောင်မိခင်များနှင့် တာဝန်ရှိသူများစုစုပေါင်း (၅၀)ခန့် တက်ရောက်ခဲ့ကြပါတယ်။


 

Related News