ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကကြီးမှူးကျင်းပတဲ့ မြို့တော်ဝန်ဆု ဒုတိယအကြိမ် ပြည်သူ့နီတိအသိပညာပေးစာမေးပွဲ ဗဟိုအဆင့်ရေးဖြေ ဖြေဆိုမှုကို နိုဝင်ဘာလ(၄)ရက်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ လသာမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ မြို့တော်ဝန်ဆု ဒုတိယအကြိမ် ပြည်သူ့နီတိအသိပညာပေးစာမေးပွဲ ဗဟိုအဆင့်ရေးဖြေ ဖြေဆိုမှုကို  ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊ နာယကအဖွဲ့ဝင်ဦးစိုးဝင်း၊ ဆရာမောင်ခင်မင်(ဓနုဖြူ)၊ ဆရာကြီးဂုဏ်ထူးဦးသိန်းနိုင်၊ ဒေါက်တာဦးထွန်းတင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီတို့ မှဥက္ကဋ္ဌများ လာရောက်ကြည့်ရှု့ခဲ့ကြပါတယ်။

ဒုတိယအကြိမ် ပြည်သူ့နီတိအသိပညာပေးစာမေးပွဲမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စတဲ့အဆင့်(၃)ဆင့်ခွဲခြားထားပြီး သက်ဆိုင်ရာအဆင့်အလိုက်မေးခွန်းတွေမေးထားတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောပါတယ်။

ဗဟိုအဆင့်အရေးဖြေစာမေးပွဲမှာ မြို့နယ်ပြည်သူ့နီတိအသိပညာပေးစာမေးပွဲမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့ကြတဲ့ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၃၈၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြတယ်လို့သိရပါတယ်။ ဖြေဆိုခဲ့ကြတဲ့ကျောင်းသား၊ ကျောင်းသူတွေကတော့ ကျောင်းစာကြည့်တိုက်ကစာအုပ်တွေအပြင် ပြင်ပဗဟုသုတတွေ၊ ဥပဒေနဲ့ပတ်သက် တာတွေ၊ စာရိတ္တနှင့်ပြည်သူ့နီတိနဲ့ပတ်သက်တဲ့စာတွေကိုလေ့လာခဲ့ရတယ်လို့ ပြောပါတယ်။

ဗဟိုအဆင့်အရေးဖြေစာမေးပွဲမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း (၃)တန်းမှ တစ်တန်းကို အရည်အချင်းပြည့်မှီတဲ့ ကျောင်းသားကျောင်းသူ (၂၀)ဦး စိစစ်ရွေးချယ်ပြီး နိုဝင်ဘာလ (၉)ရက်မှာ ရန်ကုန်မြို့တော်ခန်းမမှာ ဗဟိုအဆင့်လူတွေ့နှုတ်ဖြေပြိုင်ပွဲဝင်ရောက်ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Related News