စာဖတ်ဝါသနာပါတဲ့သူတွေအတွက် ကဏ္ဍအစုံအလင်ပါဝင်တဲ့ မြန်မာ့ပထမဆုံး eBook ၀န်ဆောင်မှုကို အသစ်ကို MPT က စတင်မိတ်ဆက်ခဲ့ပါတယ်။ MPT ကနေ ကဏ္ဍအစုံပါဝင်တဲ့ MPT Books အမည်ရှိ မြန်မာ့ပထမဆုံး ebook ၀န်ဆောင်မှုအသစ်မိတ်ဆက်ခြင်းကို အောက်တိုဘာလ(၁၇)ရက်က ဆူးလေရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဝန်ဆောင်မှုအသစ်မှာတော့ သုံးစွဲသူတွေအနေနဲ့ နိုင်ငံအတွင်းရှိ နာမည်ကျော်စာရေးရာကြီးတွေရဲ့ ထင်ရှားကျော်ကြားတဲ့ ရသစာပေတွေ၊ ရယ်စရာဟာသရုပ်စုံစာအုပ်တွေ၊မဂ္ဂဇင်းစာအုပ်တွေနဲ့ ဂျာနယ်အမျိုးစားစုံကို တစ်နေရာတည်းမှာ အလွယ်တကူ ၀င်ရောက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

ebookဝန်ဆောင်မှုမှာ စိတ်ကူးချိုချို၊ ငါတို့စာပေ စာအုပ်တိုက်အပြင်၊ မြန်မာနိုင်ငံအတွင်းရှိ ထိပ်တန်းစာပေထုတ်ဝေရေး(၃၀)ကျော်မှ စာအုပ်အမျိုးစားပေါင်း (၆၀၀)ကျော်၊ ဂျာနယ် ၂၄ စောင်၊ နဲ့ မဂ္ဂဇင်း(၂၆)အုပ်အပါအဝင် စာအုပ်အမျိုးအစားပေါင်းထောင်ကျော်ကို ရယူဖတ်ရှုနိုင်ဖို့အတွက် ဆောင်ရွက်ထားတယ်လို့သိရပါတယ်။ဝန်ဆောင်မှုကို စာရင်းပေးသွင်းပြီးတာနဲ့ စတင်အသုံးပြုသူတွေအနေနဲ့ မဂ္ဂဇင်းနဲ့ဂျာနယ် Package တွေကို(၇)ရက်တာ အခမဲ့ဖတ်ရှု့နိုင်မှာဖြစ်ပါတယ်။ အခမဲ့အစမ်းအသုံးပြုနိုင်ခွင့်ကာလပြီးဆုံးရင်တော့ သုံးစွဲသူတွေအနေနဲ့ လစဉ်ကြေးပေးသွင်းပြီး ၀န်ဆောင်မှုတွေကို ဆက်လက်သုံးစွဲနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

eBook ၀န်ဆောင်မှုကို လာမယ့် နိုဝင်ဘာပထမအပတ်မှာစတင်အသုံးပြုနိုင်မှာဖြစ်ပြီး IOS   နဲ့ အန်းဒရွိုက်ဖုန်းများမှာသာမက ကွန်ပျူတာ web browsers များမှ လည်းဝင်ရောက်ကြည့်ရှူနိုင်မှာဖြစ်သလို google Play store ကနေလည်း ဒေါင်းလုပ်ရယူနိုင်တာဖြစ်တယ်လို့သိရပါတယ်။

 

Related News