မြန်မာ နဲ့ ဘိုလီးဗီးယားပွဲစဉ်ကို အောက်တိုဘာလ (၁၃)ရက် စနေနေ့ သုဝဏ္ဏကွင်းမှာယှဉ်ပြိုင်ကစားမှာဖြစ်ပြီး     အောက်တိုဘာလ (၈)ရက်မှစတင်ကာ လှည်းတန်းစင်တာမှ ကြိုတင်လက်မှတ်တွေကိုရောင်းချပေးနေပါတယ်။   စတင်ရောင်းချတဲ့နေ့မှာတော့ မြန်မာဘောလုံးကိုချစ်မြတ်နိုးတဲ့ ပရိသတ်များက အခုပွဲစဉ်တွေ လက်မှတ်များ    လာရောက်အားပေးဝယ်ယူတာလည်းဖြစ်ပါတယ်။အခုပွဲကို ကြည့်ရှုဖို့အတွက် လက်မှတ်ကို လာရောက်ဝယ်   ယူသူများမှာမြန်မာအသင်းကတော့ ၂၀၁၈ နိုဝင်ဘာလမှာကျင်းပမဲ့ ဆူဇူးကီးပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတာ   ဖြစ်ပြီး အခု ဘိုလီးဗီးယားနဲ့ ပွဲစဉ်က မြန်မာလက်ရွေးစင်ဘောလုံးအသင်းအတွက် ဒုတိယမြောက်ခြေစမ်းပွဲ   တစ်ပွဲလည်းဖြစ်ပါတယ်။မြန်မာအသင်းနဲ့ ဘိုလီးဗီးယားအသင်းပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းတွေကို ရိုးရိုး   တန်း(၃၀၀၀) နဲ့ အထူးတန်း (၅၀၀၀)ဆိုပြီးသတ်မှတ်ထားတာဖြစ်ပြီး ပွဲစဉ်ကို အောက်တိုဘာလ (၁၃)ရက်   ညနေ (၆)နာရီမှာ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။

 

 

Related News