ပန်းချီဆရာ(၅၇)ဦးစုပေါင်းပြီး Going Together အမည်နှင့် ပြုလုပ်တဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ လောကနက် ပန်းချီပြခန်းမှာ ပြနေပါတယ်။ဒီပြပွဲမှာ ပါဝင်ပြသတဲ့ ပန်းချီဆရာတွေရဲ့ အယူအဆအမျိုးနဲ့ ရေးဆွဲပြထားတဲ့ ပန်းချီကားပေါင်း(၁၀၉) ကားပြထားပါတယ်။ ဒီပြပွဲကို ပန်းချီဝါသနာရှင်တွေက ပန်းချီပညာနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုရှိလာရန် ရည်ရွယ်ပြီး ပြသတာဖြစ်တယ်လို့သိရပါတယ်။ ပြပွဲမှာပြသထားတဲ့ပန်းချီကားတွေကို ရေဆေး ၊ ဆီဆေး ၊ အခရိုင်းလစ် ၊ Colour Pencil နှင့် Water Colour တို့ ဖြင့် ရေးဆွဲထားတာဖြစ်ပါတယ်။ ပန်းချီဆရာတစ်ဦးကို ပန်းချီကား(၂)ကားနူန်းနဲ့ရေးဆွဲပြသရတာလည်းဖြစ်ပါတယ်။

Going Together ပန်းချီပြပွဲကို ၂၀၀၀ ခုနှစ်ကတည်း ပန်းချီဝင်းဖေမြင့် က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး တက်သစ်စပန်းချီပညာရှင်တွေကို လက်တွဲ ခေါ်ဖို့ ရည်ရွယ်ကျင်းပခဲ့တာလို့ သိရပါတယ်။ အခု ပြပွဲမှာ  အမျိုးသမီးပန်းချီဆရာ (၁၀)ဦး ပါဝင်ပြသထား ပြီး မော်ဒန်၊ သက်ငြိမ်၊ပုံတူနှင့် ရှုခင်းပန်းချီကားတွေ ပါဝင် ပြထားပါတယ်။ 

 ပန်းချီကားဈေးနှုန်းတွေကတော့ အမြင့်ဆုံး အမေရိကန်ဒေါ်လာ(၆၀၀)ကနေ အနိမ့်ဆုံးအမေရိကန်ဒေါ်လာ(၁၅၀)အထိသတ်မှတ်ရောင်းချ ထားတယ်လိုသိရပါတယ်။ Going together ပြပွဲကိုတော့ အောက်တိုဘာလ(၉)ရက်နေ့ ကနေ့ အောက်တိုဘာလ(၁၄)ရက်နေ့ အထိ လောကနတ်ပန်းချီပြခန်းမှာကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

 

Related News