ပတ်စ်ကောင်တီရဲတပ်ဖွဲ့ကပြော ပါတယ်။ သဲတွေတင်လာတဲ့ကုန်တင်ကားကို ဗင်ကားက၀င်တိုက်ခဲ့ပြီး ကုန်တင်ကားယာဉ်မောင်းကတော့ အသေးစားဒဏ်ရာ တွေပဲရခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေက အမျိုးသား(၇)ဦးနဲ့ အမျိုးသမီး(၂)ဦးတို့ဖြစ်ပြီး သူတို့ဘယ်သူတွေလဲဆိုတာသိ ရဖို့ စုံစမ်းရေးလုပ်ငန်းတွေမှာ ရိုမေးနီးယားအာဏာပိုင်တွေက ပါဝင်နေပါတယ်။

အဲဒီမတော်တဆမှုမှာ ရိုမေးနီးယားနိုင်ငံသား(၇) ဦးသေဆုံးခဲ့တယ်လိုီ့ငိင(၂၄)သတင်းဌာနက သတင်းဖော်ပြပါတယ်။ နောက်ထပ်ကား(၁)စီးကို  ဗင်ကားကအရှိန်ပြင်းပြင်းနဲ့ ကျော်ခဲ့ပြီးနောက် ကုန်တင်ကားနဲ့မျက်နှာချင်းဆိုင်တိုက်မိခဲ့တာလို့  ဟန်ဂေရီရဲတပ်ဖွဲ့ဆီကရတဲ့အချက်အလက်တွေကို ကိုးကားပြီး ရိုမေးနီးယားနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ မေလ(၂၃)ရက်မှာ အဇာဘိုင်ဂျန်နိုင်ငံက အနောက်အဇာဘိုင်ဂျန်ပြည်နယ်၊ ခွိုင်းမြို့မှာ တောင်ပြိုကျခဲ့တာကြောင့် တူရကီနိုင်ငံကို ဦးတည်သွားနေတဲ့ ကုန်တင်ရထား(၁)စီးက အီရန်နိုင်ငံအနောက်မြောက်ပိုင်းမှာ လမ်းချော်ခဲ့ပါတယ်။ 

အခင်းဖြစ်ပွားရာနေရာကို ကယ်ဆယ်ရေး သမားတွေနဲ့ ရထားလမ်းအလုပ်သမာတွေက သွားခဲ့ကြပြီး ရထားလမ်းတွေ ပြန်ပြင်နေတယ်လို့ သိရပါတယ်။ အခုဖြစ်ရပ်ကြောင့် ရထားစက်ခေါင်းမောင်းသူ(၂)ဦးဒဏ်ရာရခဲ့ပြီး ကုန်တွဲတွေမှာတော့ အပျက်အစီးများခဲ့ပါတယ်။ ဟာဘတ်ရှ်ရွာနားမှာ လမ်းချော်ခဲ့တဲ့ရထားက ဒီဇယ်အင်ဂျင်သုံး ခေါင်းတွဲ(၁)တွဲနဲ့ ကုန်တွဲ(၆)တွဲပါတယ်လို့ ခွိုင်းမြို့အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ခွိုင်းကားလမ်းနဲ့ ရထားလမ်းတွေက အီရန်နဲ့တူရကီနိုင်ငံတို့ကြား ခရီးသည်တွေကူးသန်းသွားလာရေးအတွက် အရေးပါ တဲ့လမ်းဖြစ်ပါတယ်။

မေလ(၂၂)ရက်က ထိုင်းနိုင်ငံ၊ ချာခွေါင်းဆာအိုခရိုင်က ပလန်ယောင်မြို့မှာရှိတဲ့ စွန့်ပစ်ပစ်္စည်း ခန့်ခွဲရေးစက်ရုံ(၁)ရုံမှာ အန်္တရာယ်ရှိ တဲ့စွန့်ပစ်ပစ်္စည်းတွေကိုတွေ့ခဲ့ပြီးနောက် မေလ(၂၃)ရက်မှာ စက်ရုံတွေကစွန့်ပစ်ပစ်္စည်းတွေ တရားမ၀င်ကုန်ကူးနေတာတွေကို ထိုင်းရဲတပ်ဖွဲ့က ဆက်ရှာဖွေနေကြ ပါတယ်။ မေလ(၂၂)ရက်က ရှာဖွေခဲ့တဲ့စက်ရုံက ထိုင်းအကောက်ခွန်ဥပဒေတွေအရ အန်္တရာယ် ရှိတဲ့အီလက်ထရောနစ်စွန့်ပစ်ပစ်္စည်းတွေကို ထိုင်းနိုင်ငံဆီတင်ပို့နေတယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အဆိပ်ဖြစ်စေတဲ့ပစ္စည်းတွေကိုဖြန်ချိနေတဲ့ တရားမ၀င်ကုမ်္ပဏီ(၄)ခုနဲ့ စက်ရုံ(၁၇)ခုကို ထိုင်းရဲတပ်ဖွဲ့ကရှာဖွေခဲ့တယ်လို့ ထိုင်းဒုတိယရဲချုပ် ဗိုလ်ချုပ်ကြီးဝီရာချိုင်း ဆောင်မတ်တာကပြောပါတယ်။ အီလက်ထရောနစ်ပစ်္စည်းတွေမှာပါတဲ့ ဆားကစ်တွေကိုမီးရှို့တာကနေ သတ်္တုတွေပြန်သုံးနိုင်ဖို့ ဖန်တီးလေ့ရှိပေမဲ့ ဒီလုပ်ရပ်ကြောင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။ 

 

 

Related News