မန္တလေးမြို့ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးကို အလှူရှင်များစုပေါင်းပြီး ခွဲစိတ်ခန်းနှင့် အထူးခန်းသုံးပစ်္စည်းများ လှူဒါန်းပေးအပ်ပွဲကို မေလ ၂၂ ရက်က ကျင်းပခဲ့ပါတယ်။မန္တလေးမြို့ ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးဟာ ကျေးဇူးရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဆောင်ပဓာနပြုဖွင့်လှစ်ခဲ့တဲ့ သံဃာဆေးရုံ ကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။ 
 
အခုလက်ရှိဆေးရုံကြီးမှာလိုအပ်တဲ့ ခွဲစိတ်ခန်းနှင့် အထူးခန်းသုံးပစ္စည်းများ၊ ဆေးပဒေသာပင် စိုက်ထူခြင်းနဲ့ လူနာတင်ယာဉ်တစ်စီးကို မန္တလေးမြို့မှ အလှူရှင်များက စုပေါင်းလှူဒါန်းခဲ့ကြ တာဖြစ်ပါတယ်။ အခုလို လှူဒါန်းရတာဟာ သံဃာတော်တွေ ဆေးကုသမှုခံယူရာမှာ အထောက်အကူဖြစ်စေဖို့နဲ့ အခြားအလှူရှင်တွေလည်းလာရောက် လှူဒါန်းမှုတွေ ပြုလုပ်လာနိုင်အောင် ရည်ရွယ်ပြီးလှူဒါန်းတာဖြစ်တယ်လို့သိရပါတယ်။
 
မန္တလေးမြို့ ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးမှာ  ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများကို လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ မန္တလေးမြို့  ဇီဝိတဒါနသာသနာ့ အထူးကုဆေးရုံ ကြီးဟာ ၁၆ ခုတင်ဆံ့ဆေးရုံ ဖြစ်ပြီး ဆရာဝန်တွေအနေနဲ့ သံဃာတော်များကို ပြုစုကုသပေးရာမှာ ၀ိနည်းမကျိုးပေါက်စေဖို့ ၀ိနည်းတော်နဲ့အညီကုသပေးနေတယ်လို့သိရပါတယ်။ မန္တလေးမြို့ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးကို ၁၉၈၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော်ရှိပြီ်လို့သိရပါတယ်။
 
 

Related News