SME လုပ်ငန်းတွေအတွက် အရည်အသွေးစီမံခန့်ခွဲမှုစံနှုန်းနဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစံနှုန်း တွေ သိရှိဖို့အတွက် သင်တန်းတွေကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အရည်အသွေးစီမံခန့်ခွဲမှု ဗဟိုအဖွဲ့က ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။SMEလုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ ၉၀% ဖြစ်ပါတယ်။SME လုပ်ငန်းတွေ တိုးတက်မှ တိုင်းပြည်ရဲ့စီးပွားရေး ကဏ္ဍလည်းတိုးတတ်လာနိုင်မှာ ဖြစ်သလို SME လုပ်ငန်းတွေက နိုင်ငံတကာအရည်စံနှုန်း အရည်အသွေး မီဖို့လိုအပ်လာပါတယ်။ ဒီလို အရည်အသွေးတွေမှီမှသာ နိုင်ငံတကာနဲ့ ကူးသန်းရောင်ဝယ်ရာမှာ အဆင်ပြေစေမှာပါဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အရည်အသွေးစီမံခန့်ခွဲမှုဗဟိုအဖွဲ့က မြန်မာနိုင်ငံက SME လုပ်ငန်းတွေရဲ့ စီမံခန့်ခွဲမှုစနစ်နဲ့ အရည်အသွေး တိုးတက်လာစေဖို့ ရည်ရွယ်ပြီး အရည်အသွေး စီမံခန့်ခွဲမှုစံနှုန်း(QMS) နဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစံနှုန်း(EMS) နဲ့ပတ်သတ်တဲ့ အသိပြန့်ပွားရေး သင်တန်းနဲ့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။ ဒီသင်တန်းကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အရည်အသွေးစီမံခန့်ခွဲမှုဗဟိုအဖွဲ့က အမေရိကန်နိုင်ငံ USAID ရဲ့ ပံ့ပိုးမှု နဲ့ ၂၀၁၇ခုနှစ်က စတင်ပြုလုပ်သင်ကြားပေးတာဖြစ်ပါတယ်။ သင်တန်းမှာ SME လုပ်ငန်းတွေအတွက် အရည်အသွေးစီမံခန့်ခွဲမှုစံနှုန်း (QMS) (ISO 9001:2015)နဲ့ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုစံနှုန်း(EMS) (ISO 14001:2015) ကို သိရှိဖို့ သင်တန်း ပြုလုပ်သင်ကြားပေးခဲ့တာပါ။

ဒီစံနှုန်းတွေဟာ လုပ်ငန်းတွေဆောင်ရွက်ရာမှာ လုပ်ငန်း စီမံခန့်ခွဲမှု နည်းစနစ်နဲ့ လုပ်ငန်းအရည်အသွေးတွေကို တိုးတက်လာစေမှာဖြစ်တယ်လို့သိရပါတယ်။ သင်တန်းကို အစိုးရဌာနက၀န်ထမ်း၊SME လုပ်ငန်းလုပ်ကိုင်သူ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အပြင်ကျောင်းသား၊ကျောင်းသူတွေ လည်းတက်ရောက်နိုင် တယ်လို့သိရပါတယ်။ ဒီသင်တန်းကို မေလ ၁၂ရက်နဲ့ ၁၃ရက် ၂ရက် မန္တလေးမြို့မှာပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့မှာလည်း မေလ ၁၉ရက်နဲ့ ၂၀ ရက်နေ့မှာသင်တန်းပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက် လိုပါက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးမှာ စုံစမ်းလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

 

 

 

Related News