တရုတ်နှစ်သစ်ကူးနေ့အခမ်းအနားကို တရုတ်ပြည်မကြီး စီချွမ်ပြည်နယ်က ကြာပွင့်ဒီဇိုင်မီးပုံးများ၊ တရုတ်အရုပ်မွေးနံအရုပ်များ ဆင်ယင်ပြီး ဖေဖော်ဝါရီလ (၁၆)ရက်မှာ စည်ကားစွာကျင်းပသွားမယ်လို့သိရပါတယ်။ 
တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို လမ်းမတော်လမ်းထိပ်မှာ မုခ်ဦးတည်ဆောက်သွားမှာဖြစ်ပြီး လမ်းမတော်ကနေ မဟာဗန္ဓုလလမ်းတစ်လျှောက် ရွှေတိဂုံဘုရားလမ်းအထိ မီးပုံးများချိတ်ဆွဲ အလှဆင်ထားပြီး 
စည်ကားစွာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
 
ဒီနှစ်မှာတော့ ထူးခြားမှုအဖြစ် စီချွမ်ပြည်နယ်က ကြာပွင့်ဒီဇိုင်းမီးပုံးကြီးများ၊တရုတ်မွေးနံ (၁၂)ကောင်ရဲ့အရုပ်များကို ပညာရှင်များ ကိုယ်တိုင်လာရောက် အလှဆင်ထားတယ်လို့ သိရပါတယ်။ပွဲတော်ရဲ့ဖွင့်ပွဲကို လမ်းမတော်လမ်းထိပ် မုခ်ဦးမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး လသာလမ်းအောက် ဘလောက်မှာ ဆောက်လုပ်ထားတဲ့ မဏ္ဍပ်မှာတော့ ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ 
 
တရုတ်နဂါး အကအတွက်ကိုတော့ သီးသန့်စင်ဆောက်လုပ် ကပြဖျော်ဖြေသွားမှာဖြစ်ပြီး စတုဒီသာ ဆိုင်ခန်း (၆၀)ကျော်က လှူဒါန်းမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ပွဲတော်ကျင်းပတဲ့ ဖေဖော်ဝါရီလ (၁၆)ရက်မှာတော့ မဟာဗန္ဓုလလမ်းကို လမ်းမတော်ကနေ ရွှေတိဂုံဘုရားလမ်းအထိ တစ်ဖက်ပိတ်ထားမှာဖြစ်တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ညမှာတော့ ပိတ်ပွဲအခမ်းအနားကိုကျင်းပသွားမှာဖြစ်ပြီး ပိတ်ပွဲမှာ ယူနန်ပြည်နယ်က ဖျော်ဖြေရေးအဖွဲ့က အထူးအစီအစဉ်အနေနဲ့ ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
 
 
 
 

Related News