ဟိုတယ်လုပ်ငန်းတွေမှာ ပိုင်ရှင် နဲ့ စီမံခန့်ခွဲမှုလုပ်ဆောင်သူတွေအနေနဲ့ လုပ်ငန်းမှာ သဘောထားအမြင်တူဖြစ်စေဖို့ Hotel Operation Management သင်တန်းဖွင့်ပွဲ ဇန်န၀ါရီ ၉ ရက် က မန္တလေးဈေးချိုဟိုတယ် မှာ ပြုလုပ်ခဲ့ပါတယ်။ ဟိုတယ်လုပ်ငန်းတွေမှာ ပိုင်ရှင်တွေနဲ့စီမံခန့်ခွဲသူတွေရဲ့ အကြားအမြင်မတူကြတာမျိုးတွေရှိကြပြီး ဒီသဘောထား အမြင်တွေနဲ့ပတ်သက်လို့ ဟိုတယ်လုပ်ငန်းတွေမှာ အဆင်ပြေအောင်လုပ်ဆောင်နိုင်ဖို့ရည်ရွယ်ပြီးHotel Operation Management သင်တန်းကို ပြုလုပ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
ဟိုတယ်လုပ်ငန်းတွေများပြားလာပြီး ၀န်ဆောင်မှု အရည်အသွေးမြင့်မားလာဖို့လိုအပ် တယ်လို့လည်း ပြောပါတယ်။ဒီသင်တန်းကိုတော့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဲ့ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်)တို့ ပူးပေါင်းဖွင့်လှစ်ပေးတာဖြစ်ပါတယ်။ အခုပြုလုပ်ပေးတဲ့ သင်တန်းဟာအဆင့်မြင့်ဟိုတယ်အုပ်ချုပ်မှု ပိုင်းဆိုင်ရာသင်တန်းတစ်ခုဖြစ်ပြီး ဟိုတယ်ပိုင်ရှင်တွေ ၊GM၊MDတွေကိုသင်ကြားပေးတာဖြစ်ပါတယ်။ ဒီသင်တန်းကို ၂၀၁၈ခုနှစ်မှာ ပထမဆုံးပြုလုပ်တာ ဖြစ်ပြီး ယခုနှစ်အတွင်းမှာ ၅ ကြိမ် ပြုလုပ်ပေးသွားမယ်လို့သိရပါတယ်။
 
သင်တန်းကာလမှာ ၂ပတ်ဖြစ်ပြီး သင်တန်းတက်ရောက်သူ ၁၈ ဦးရှိတယ်လို့ သိရပါတယ်။ယခင်က ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသားဦးရေ ၂၁၀၀ကျော်သင်ကြားထားပေးပြီးဖြစ်ကာ ၀န်ဆောင်မှုသင်တန်းကိုလည်း ဆက်လက် သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဟိုတယ် ၂၀၅ လုံးကို လိုင်စင်ပေးထားတယ်လို့ သိရပါတယ်။ 
 
 
 

Related News