အောက်တိုဘာလ(၇)ရက်နေ့က စတင်ပြေးဆွဲပေးနေတဲ့ Yangon Water Bus     ခရီးစဉ် အချိန်တွေနဲ့ ယာဉ်အစီးအရေတွေကို အောက်တိုဘာလ(၁၂)ရက်က စလို့ ထပ်မံတိုးချဲ့ ပြေးဆွဲပေးနေတယ်လို့ တင့်တင့်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူက ပြောပါတယ်။Yangon Water Bus  မပြေးဆွဲခင်က ဗိုလ်တထောင်ကနေ အင်းစိန်ကို YBS  ဘတ်စ်ကား တွေသာ အများစုစီးနင်းရပြီး ခရီးသည်တွေအနေနဲ့ YBS ယာဉ်တွေကို နှစ်ဆင့်စီးရပါတယ်။ ခရီးလမ်းဝေးကွာပြီး ယာဉ်ကြောကျပ်တည်းတာတွေကြောင့် အချိန်ကြာမြင့်တယ်လို့ ပြောကြပါတယ်။

လက်ရှိမှာတော့ ဗိုလ်တထောင်ကနေ အင်းစိန်ကို တိုက်ရိုက်ပြေးဆွဲပေးနေတဲ့Yangon Water Bus  ပေါ်လာတာကြောင့် စီးနင်းတဲ့ ခရီးသည်တွေအတွက် ရေကြောင်းလမ်းခရီးက သွားရတာဟာ ယာဉ်ကြောကျပ်တည်းတာတွေမရှိတော့ပဲ သက်တောင့်သက်သာ အဆင်ပြေပြေစီးနင်းနိုင်တယ်လို့ ပြောပါတယ်။

တစ်ချို့ခရီးသည်တွေအနေနဲ့ Yangon Water Bus   ကို အလည်အပတ်စီးနင်းပြီး လိုက်ပါ လေ့လာသူတွေရှိသလို ခရီးစဉ်လမ်းကြောင်းသိရအောင်လို့ လိုက်လံစီးနင်းတဲ့ ခရီးသည်တွေ လည်း ရှိပါတယ်။Yangon Water Bus   ကို စီးနင်းတဲ့ခရီးသည်တွေအဆင်ပြေအောင်လို့ ခရီးစဉ်ပြေးဆွဲနေတဲ့ အချိန်တွေကို ထပ်မံတိုးချဲ့ပြေးဆွဲပေးနေပြီး ယာဉ်အစီးအရေတွေကိုလည်း ထပ်မံတိုးချဲ့ထားတယ်လို့ သိရပါတယ်။ ယခင်က Yangon Water Bus   ကို မနက် ၇ နာရီ ၁၀ မိနစ်မှာ စတင်ပြေးဆွဲပေးနေတာဖြစ်ပြီး အောက်တိုဘာလ(၁၂)ရက်ကစပြီး မနက်(၆)နာရီ (၃၀)မိနစ် ကတည်းက စတင်ပြေးဆွဲနေကာ ည(၈)နာရီ (၃၅)မိနစ်အထိ တိုးချဲ့ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

 

 

 

 

Related News