ဆယ်ကျော်သက်လူငယ်တွေ ကျန်းမာရေးအသိမြင့်မားလာပြီး မိမိပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်စေဖို့ရည်ရွယ်တဲ့ ဟောပြောပွဲတစ်ရပ်ကို ဇွန်လ(၁၈)ရက်က ရန်ကုန်ကလေးဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ဒီဆွေးနွေးပွဲကို တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက်က စံပယ်ဖြူကဏ္ဍရဲ့ လှုပ်ရှားမှု တစ်ရပ်အဖြစ် လုပ်ဆောင်တာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ စာရေးဆရာမဂျူးက ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်တတ်စေဖို့ အကြောင်းအရာတွေကို ဆွေးနွေးဟောပြောခဲ့ပြီး ဆရာလင်္ကာ ရည်ကျော်နဲ့ ဒေါက်တာ စိုးလွင်တို့က ဆယ်ကျော်သက်လူငယ်တွေနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး ဗဟုသုတအကြောင်း အရာတွေနဲ့ ကျန်းမာစွာ နေထိုင်နည်းတွေကို ဟောပြောခဲ့ကြပါတယ်။

ဒီလို ဆယ်ကျော်သက်အရွယ်က စတင်ပြီးမှန်ကန်တဲ့ကျန်းမာရေးဗဟုသုတ၊ အသိ၊ အမူအကျင့် တွေကို ပျိုးထောင်ပေးခြင်းဖြင့် ကောင်းမွန်တဲ့မိဘဘ၀ကို ဦးဆောင်စေပြီး မိမိတို့ကလေးငယ်တွေကို မှန်ကန်စွာ ပျိုးထောင်လမ်းကြောင်းစေနိုင်ပြီး ကောင်းမွန်တဲ့မျိုးဆက်သစ်တွေပေါ်ပေါက်လာစေဖို့ ဒီလိုဟောပြောပွဲကို ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်အနေနဲ့ ကျန်းမာရေး၊ ပညာရေး၊ အရေးပေါ် အကူအညီစတဲ့ ကဏ္ဍတွေနဲ့အတူ လူငယ်တွေအတွက် စံပယ်ဖြူကဏ္ဍအစရှိတဲ့ လုပ်ဆောင်ချက် တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇွန်လ(၁၈)ရက်က ပြုလုပ်တဲ့ဟောပြောပွဲကတော့ စံပယ်ဖြူကဏ္ဍ အစီအစဉ်အတွက် ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။ 

 

 

Related News