မန္တလေးမြို့မှာပထမဦးဆုံးကိုယ်ထူကိုယ်ထပန်းခြံကိုယ်ကာယလေ့ကျင့်ရေး အားကစားကွင်း ၊ ပိုက်ကျော်ခြင်းနှင့် စာကြည့်တိုက် ဖွင့်ပွဲကို ၄၁ လမ်း၊ လမ်း၈၀ နှင့် ၈၁ လမ်းကြား မဟာအောာင်မြေမြို့နယ် အရှေ့ရပ်ကွက် ပေါက်မြိုင်ကျောင်း တောင်ဘက်ဘေးတွင် မဟာအောင်မြေ မြို့နယ် အရှေ့ရပ်ကွက်မှာဇွန်လ (၁၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ယခုလိုမန္တလေးမြို့မှာ ပထမဦးဆုံးကိုယ်ထူကိုယ်ထပန်းခြံကိုယ်ကာယ လေ့ကျင့်ရေး အားကစားကွင်း၊ ပိုက်ကျော်ခြင်းနှင့် စာကြည့်တိုက် ဆောင်ရွက်ဖြစ်တာနဲ့ ပတ်သက်ပြီးမန္တလေးမြို့ မဟာအောင်မြေ မြို့နယ် အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးမြင့်မောင်မောင်က ခုလိုပြောပါတယ်။

ကိုယ်ထူ ကိုယ်ထ ထူထောင်ထားတဲ့ ပန်းဥယျာဉ်နှင့် ကစားကွင်းတွင် အားကစားပစ္စည်း အမျိုးပေါင်း (၂၀)ကို ကလေး လူကြီး အားကစားပြုလုပ်နိုင်ရန် ထားရှိထားပြိး လူလတ်ပိုင်းများ အတွက် ပိုက်ကျော်ခြင်း ကစားကွင်းထားရှိပေးထားတယ်လို့သိရပါတယ်။ စာကြည့်တိုက်မှာလည်း သုတရသဆိုင်ရာ စာအုပ်အမျိုးအစား (၁၅) မျိုးကို လည်း ရပ်ကွက်အတွင်း နေထိုင်ကြသည့် မိဘပြည်သူ လူငယ်လူရွယ်များ အသိပညာရရှိစေရန် ထားရှိထားတယ်လို့သိရပါတယ်။ကိုယ်ထူကိုယ်ထပန်းဥယျာဉ်နှင့် ကစားကွင်း စာကြည့်တိုက်တို့ကို ၂၀၁၇ ဇန်န၀ါရီလကစတင် ဆောင်ရွက်ခဲ့ပြီး ငွေကျပ် (၁၀၃) သိန်းခန့် ကုန်ကျခဲ့ကြောင်း သိရှိရပါတယ်။

 

 

Related News