စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် လှည်းသွင်းကျေးရွာ အစိုးရအခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းလုံခြုံရေးအတွက် လေးဖက်လေးတန် အုတ်တံတိုင်းများ ခတ်ရန် လိုအပ်လျက်ရှိကြောင်း သိရပါတယ်။ အဲ့ဒီ့ အခြေခံပညာမူလတန်းကျောင်းဟာ မြေဧက ၅ ဧကခွဲခန့် ကျယ်ဝန်းပြိး ကျောင်းသား ကျောင်းသူ ၈၀ခန့်ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ အုတ်တံတိုင်းခတ်ဖို့ လိုအပ်နေတာနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ဆရာကြီး ဦးဇော်မိုးထွန်းက အခုလိုပြောပါတယ်။

လှည်းသွင်းကျေးရွာရှိ အစိုးရ အခြေခံပညာ မူလတန်းကျောင်းတွင် လိုအပ်နေတဲ့ အုတ်တံတိုင်း ကာရံတာတွေကို လက်ရှိမှာတော့ Huawei ကုမ္မဏီမှ လာရောက်လှူဒါန်းနေပါတယ်။ အခုလိုလှူဒါန်းရတာနဲ့ ပတ်သက်ပြီး Huawei မှ တာဝန်ရှိသူက အခုလိုပြောပါတယ်။ လှည်းသွင်းကျေးရွာ အစိုးရ အခြေခံပညာ မူလတန်းကျောင်း လုံခြုံရေးအတွက် လက်ရှိတွင် ကျောင်းအုတ်တံတိုင်း တဖက်လျှင် ငွေကျပ် သိန်း ၆၀ ခန့် ကုန်ကျမှာဖြစ်ပြီး ကျန် ၃ ဖက်အတွက် ငွေကျပ် သိန်း ၁၈၀ ခန့်ကုန်ကျမှာဖြစ်ကြောင်း သိရှိရပါတယ်။

 

Related News