Battery Pump (ပန့်သေး)များနဲ့  စက်သုံးဆီ ရောင်းချနေတာတွေဟာ မီးဘေးအန္တရာယ် အလွန်ကြီးမားပြီး တည်ဆဲဥပဒေနဲ့ မကိုက်ညီတာကြောင့် တားမြစ်အရေးယူဆောင်ရွက်သွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။ တရားမ၀င်စက်သုံးဆီဆိုင်တွေမှာ Battery Pump တွေ အသုံးပြုနေတာတွေကို တားမြစ် အရေးယူဆောင်ရွက်သွားမှာနဲ့ ပတ်သက်ပြီး ဇွန်လ ၁၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

Battery Pump တွေ အသုံးပြုနေတာဟာ တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၃၄ခုနှစ် ရေနံအက် ဥပဒေ ပုဒ်မ(ဂ)အရ ၆ ဂါလံထက် ပိုမိုရောင်းချရန်ရည်ရွယ်ပါ သက်ဆိုင်ရာဝန်ကြီးဌာန တွေမှာ လိုင်စင်လျှောက်ထားဖို့ လိုအပ်တယ်ဆိုတဲ့အချက်နဲ့ ကိုညီမူမရှိကြောင်း၊Battery Pump တွေနဲ့ ရောင်းချနေတာဟာ အန္တရာယ်ရှိတဲ့ ရောင်းချနည်းဖြစ်တဲ့အတွက် တရာဝင်လိုင်စင် ထုတ်ပေးထားတာ လဲမရှိဘူးလို့ သိရပါတယ်။ ပြည်ထောင်စုနယ်မြေဖြစ်တဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ အပါအ၀င် ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစိုးရတို့က Battery Pump (ပန့်သေး)နဲ့ ရောင်းချတာတွေကို တရားဝင်လိုင်စင် ထုတ်ပေးဖို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို သဘောထားမှတ်ချက် တောင်းခံထားရာ မီးဘေးအန္တရာယ်နဲ့ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ရောင်းချခြင်းဖြစ်တဲ့အတွက် ခွင့်မပြုဖို့အကြောင်း ပြန်ထားကြောင်းလည်း သိရပါတယ်။

Battery Pump(ပန့်သေး)အသုံးပြု စက်သုံးဆီရောင်းချနေခြင်းဟာ စံသတ်မှတ်ချက်၊ တည်ဆဲဥပဒေနဲ့ အမိန့်အပါအ၀င် လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီတဲ့အတွက် ရောင်းချနေသူ တွေကို ဥပဒေနဲ့အညီ လိုအပ်သလိုတားမြစ်အရေးယူတာတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။

 

 

Related News