ရန်ကုန်-အမ်း-စစ်တွေ ကားလမ်းမမှာ ပိတ်ဆို့နေတဲ့ မော်တော်ယာဉ်(၁၄၁)စီးကို အလှည့်ကျ သွားနိုင်ဖို့ ဇွန်လ(၁၆)ရက် နံနက် (၁၀)နာရီ မိနစ် ၅၀ ခန့်မှာ ပြုလုပ်ပေးနေပြီး မြေပြိုကျရာနေရာ အမ်း-စစ်တွေကားလမ်းမကို ပေ(၂၀၀)အရှည်ရှိတဲ့ ဘေလီတံတားထိုးပေးပြီး ယာဉ်တွေ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး ဆက်လက် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ(၁၄)ရက်မှစပြီး မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရန်ကုန်-အမ်း-စစ်တွေ ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၈၊ အမ်းမြို့ရဲ့ အနောက်မြောက် ဘက် ၂၈ မိုင်ခန့်အကွာမှာ ကားလမ်းမပခုံး မြေသားများ ပြိုကျပျက်စီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မူလပေ(၄၀)လမ်းမ ကနေ ရေတိုက်စားမှုကြောင့် လမ်းသား(၁၂)ပေသာ ကျန်ရှိခဲ့ပြီး မော်တော်ကား ၁၄၁စီး လမ်းကြောင်း ပိတ်ဆို့ကာ ညနေ ၃ နာရီမှစပြီး ယာဉ်များဖြတ်သန်းသွားလာနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ ယခုပျက်စီးနေတဲ့ အမ်း-စစ်တွေကားလမ်းမကို နယ်မြေခံတပ်မတော်သားတွေနဲ့ အမ်းမြို့နယ်လမ်း၊ တံတားဦးစီးဌာနတို့ပူးပေါင်းပြီး မော်တော်ယာဉ်တွေ အမြန်ဆုံးဖြတ်သန်းသွားလာ နိုင်ဖို့  လမ်းပြုပြင်မှုတွေနဲ့ လမ်းကြောင်းထိန်းသိမ်းဆောင်ရွက်တာတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News