HIVရောဂါပိုးရှိသူတွေအနေနဲ့ ရောဂါထိန်းချုပ်ဆေးတစ်မျိုးဖြစ်တဲ့ ART ဆေးတွေကို သွားရောက်ထုတ်ယူသူ နည်းပါးနေသေးတယ်လို့ နေပြည်တော် အမရာဟိုတယ်မှာ အောက်တိုဘာလ(၁၇)ရက်က ပြုလုပ်တဲ့   ခုခံအား ကျဆင်းမှုကူးစက်ရောဂါအကြောင်း သိကောင်းစရာနှင့် သတင်းအချက်အလက်များဆွေးနွေးပွဲမှ သိရပါတယ်။  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ HIVရောဂါပိုး အတွက် ဆေးတစ်မျိုးဖြစ်တဲ့ ART ဆေးတွေကို ရောဂါပိုးရှိသူတိုင်း လက်လှမ်းမီစွာရရှိရေးအတွက် စီစဉ်ပေးထားပါတယ်။ ဒါပေမဲ့ HIVရောဂါပိုးရှိသူတွေက  ARTဆေးတွေကို လာရောက်ထုတ်ယူရာမှာ လူမှုရေး၊ စီးပွားရေးနှင့်  အလုပ်ထိခိုက်မှု တွေရှိတဲ့အတွက် ထုတ်ယူမှုနည်းပါးတယ်လို့  HIV/ AIDS ရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ ပြုလုပ်နေတဲ့ အဖွဲ့စည်း တစ်ခုဖြစ်တဲ့ ဖီးနစ်အဆိုစီရေးရှင်း အဖွဲ့ခေါင်းဆောင် ဦးသီဟကြိုင်က ပြောပါတယ်။ 

HIV ရောဂါပိုးရှိသူတွေအနေနဲ့ ARTဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျပုံမှန်သောက်သုံးပြီး ပုံမှန်ဆေးကုသမှုတွေခံယူပါက သက်တမ်းစေ့နေထိုင်နိုင်မယ်လို့ သိရပါတယ်။ ARTဆေးတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ မြို့ကြီးတွေက ဆေးရုံတွေမှာ လူတိုင်းလက်လှမ်းမီစွာရရှိစေရေးအတွက် ထုတ်ပေးနေတဲ့အပြင် HIVရောဂါပိုး တွေ့ရှိတာနဲ့ လုပ်ဆောင်ရမယ့်နည်းလမ်းတွေကို  ဆွေးနွေးတိုင်ပင်နိုင်ရေးအတွက်လည်း သီးသန့်ဆေးခန်းတွေကို ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။  မြန်မာနိုင်ငံမှာ HIVရောဂါပိုးကူးစက်ခံရသူ အရေအတွက်ဟာ နှစ်သိန်းကျော်အထ ဖီးနစ်အဆိုစီရေးရှင်းရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

Related News