ပြီးခဲ့တဲ့ ငါးလအတွင်း ရန်ကင်းကလေးဆေးရုံမှာ မွေးရာပါ စအိုပေါက်မပါတာကြောင့် လာရောက်ခွဲစိတ်ခဲ့တဲ့ ကလေးဦးရေ လေးဆယ်ကျော်ရှိသွားပြီ ဖြစ်တယ်လို့ရန်ကင်းကလေးဆေးရုံရဲ့ဆေးရုံအုပ်ကြီးကပြောပါတယ်။ ရန်ကင်းကလေးဆေးရုံရဲ့ ကလေးခွဲစိတ်ကုသဆောင်မှာမွေးရာပါစအိုပေါက်မပါတဲ့ ကလေးတွေကို အခမဲ့ ခွဲစိတ်ပေးလျက်ရှိပြီး ကလေး လေးဆယ်ကို စအိုပေါက်ရရှိအောင် ခွဲစိတ်ကုသပေးပြီး ဖြစ်ပါတယ်။ မိဘတွေက စအိုပေါက် မပါတာကို ခွဲစိတ်ရမယ်ဆိုတဲ့ ကျန်းမာရေးအသိတွေ ရှိလာတာကြောင့် ယခုလို လာရောက်ခွဲစိတ်သူ ကလေးအရေအတွက် မြင့်လာတာဖြစ်တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

မွေးရာပါ စအိုပေါက်မပါတာကို အဆင့်သုံးဆင့်နဲ့ ခွဲစိတ်ကုသရပြီး ချက်ချင်း စအိုပေါက် မဖောက်ပေးတာကို မိဘတွေက အထင်မြင် လွဲမှားတွေမှု ရှိနေတယ်လို့ဆေးရုံအုပ်ကြီးက ပြောပါတယ်။ အူလမ်းကြောင်းက အပေါ်ရောက်နေရင် စအိုပေါက် ချက်ချင်းဖောက်ပေးဖို့ မဖြစ်နိုင်တာကြောင့် ပထမအဆင့်နေနဲ့ အူလမ်းကြောင်းလွှဲပြီး ဝမ်းဗိုက်မှာ မစင်စွန့်ဖို့ အပေါက်ဖောက်ရပါတယ်။ အဲ့ဒီကုသမှုပြီးမှ စအိုပေါက်ဖောက်ပေးတာနဲ့ မူလဖောက်ခဲ့တဲ့ အပေါက်ကို ပြန်ပိတ်တာတွေ ဆောင်ရွက်ရတယ်လို့ ဆိုပါတယ်။စအိုပေါက် မပါလာတာကြောင့် လာရောက်ခွဲစိတ်တဲ့ ကလေးတွေဟာဆယ်ရက်သားကနေ အသက်နှစ်နှစ်အတွင်း အရွယ်တွေ ဖြစ်တယ်လို့သိရပါတယ်။။ စအိုပေါက်ဖောက်ပေးတဲ့ အဆင့်သုံးဆင့် ခွဲစိတ်မှုကတော့ အပြီးအစီးအချိန်ရှစ်လကနေ တစ်နှစ်အထိ ကြာမြင့်တယ်လို့သိရပါတယ်။ 

 

 

 

 

Related News