ရန်ကုန်ကလေးဆေးရုံကြီးမှာ ကျောက်ကပ်ဝေဒနာရှင် ကလေးငယ်များအတွက် ကျောက်ကပ် ဖောင်ဒေးရှင်းကို ထူထောင်သွားမှာဖြစ်တယ်လို့ မတ်လ(၁၅)ရက်ကပြုလုပ်တဲ့ တတိယအကြိမ်မြောက်ကျောက်ကပ်ကလေးငယ်များပျော်ပွဲရွှင်ပွဲမှ သိရပါတယ်။ရန်ကုန်ဟယ်ပင်ကလေးဆေးရုံကြီးမှာ ကျောက်ကပ်ဝေဒနာရှင် ကလေးငယ်တွေအတွက် ကျောက်ကပ်ဖောင်ဒေးရှင်းထူထောင်ပေးရန် ရည်ရွယ်ပြီးဒီဖောင်ဒေးရှင်းထူထောင်ပြီးရင် ကျောက်ကပ်ကလေးငယ်တွေဆေးကုသရာမှာ အများကြီးအထောက်အပံ့ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
 
ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေဟာနာတာရှည်ရောဂါခံစားနေရတဲ့ ကလေးငယ် တွေ၊ ခွဲစိတ်ကုသမှုခံယူရမယ့် ကလေးငယ်တွေပါဝင်ပြီး ခွဲစိတ်ကုသမှုခံယူမယ့် ကလေးတွေ အတွက်တော့ ထောက်အပံ့ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေခွဲစိတ်ကုသမှုခံယူရင် ကလေးတွေအတွက် ငွေကြေးအကုန်အကျများတဲ့အတွက် ဖောင်ဒေးရှင်းထူထောင်ရင် ကလေးတွေအတွက် အများကြီး အကျိုးရှိနိုင်တယ်လို့ သိရပါတယ်။
 
ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေပျော်ရွှင်နိုင်စေဖို့ အတွက် မတ်လ(၁၅) ရက်မှာ ကျရောက်တဲ့ ကမ်္ဘာ့ကျောက်ကပ်ဝေဒနာရှင်များနေ့ အခမ်းအနားကို ဟယ်ပင်ကလေး ဆေးရုံကြီးမှာပြုလုပ်ခဲ့ပါတယ်။ဖြိုးလဲ့ရည်ဝင်းက ပေးပို့ထားတာဖြစ်ပါတယ်။
 
 
 
 

Related News