ဝိတိုရိယဆေးရုံရဲ့ ပထမအကြိမ်ပြုလုပ်တဲ့ World Heart Day အခမ်းအနားကို စက်တင်ဘာလ (၂၉)ရက်က ၀ိတိုရိယဆေးရုံမှာကျင်းပခဲ့ပါတယ်။ပြီးခဲ့တဲ့(၂၀၀၀)ခုနှစ်မှစတင်ပြီး စက်တင်ဘာ(၂၉)ရက်နေ့ကို World Heart Day နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ နှလုံးနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပလျက်ရှိ ပါတယ်။ ၀ိတိုရိယဆေးရုံအနေနဲ့ နှလုံးနှင့်သွေးကြောဌာနကို ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ် မေလပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီး အဲဒီဌာနမှာ (၂၄)နာရီ နှလုံးသွေးကြောချဲ့ကုသခြင်း၊ နှလုံးထောက်တိုင် ထည့်သွင်းကုသခြင်း၊ နှလုံးသွေးကြောဓါတ်မှန်ရိုက်ခြင်းအစရှိတဲ့ နှလုံးနှင့်ပတ်သက်တဲ့ ကုသနည်း များနဲ့ ကုသပေးလျှက်ရှိပါတယ်။ ၀ိတိုရိယဆေးရုံမှာ World Heart Day အထိမ်းအမှတ်အဖြစ် စက်တင်ဘာ(၂၉)ရက်နေ့မှာ နှလုံးရောဂါဝေဒနာရှင် လူနာ(၆၉)ဦးထဲမှ နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရတယ်လို့ သံသယရှိသူ အယောက်(၂၀)ကို အခမဲ့နှလုံးသွေးကြောဓါတ်မှန် ရိုက်ပေးခဲ့ တယ်လို့ သိရပါတယ်။ ၀ိတိုရိယဆေးရုံအနေနဲ့ နှလုံးနှင့်သွေးကြောဌာနရဲ့ Heart to Heart  အစီအစဉ်အရ နယ်လှည့် ဆေးကုသမှုအနေနဲ့ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ တောင်ငူမြို့နဲ့ ပြည်မြို့ရှိဆေးရုံကြီးတွေနဲ့ ဆေးခန်းတွေမှာ နှလုံးနှင့်ပတ်သက်တဲ့ လူနာ(၂၀၀)ကျော်ကို အခမဲ့ကုသမှုတွေလုပ်ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
 

Related News