ပရဟိတလုပ်ငန်းတွေလုပ်ဆောင်လျက်ရှိတဲ့ Sunday Foundation ကနေသတ္တမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကိုအမျိုးသားသွေးလှူဘဏ်မှာ စက်တင်ဘာလ (၁၇)ရက်ကပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Ever Sunny Industrial Co.,Ltd က ၀န်ထမ်းတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ပြိုးကာကွယ်ဆေးထိုးနှံပေးတာတွေ၊ စုပေါင်းသွေးလှူဒါန်းတာတွေကိုပါ ပြုလုပ်နေတာဖြစ်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ လှူဒါန်းမှုတွေပြုလုပ်ဖို့ အတွက် Sunday Foundation ကိုတည်ထောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သတ္တမအကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲမှာ Ever Sunny Industrial Co.,Ltd  မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေက ၀န်ထမ်းပေါင်း (၇၀၀)ကျော်သွေးလှူဒါန်းခဲ့တာဖြစ်ပါတယ်။
 
Sunday Foundation အနေနဲ့ သွေးလိုအပ်နေတဲ့လူနာတွေကို လိုအပ်တဲ့သွေးတွေရရှိနိုင်ဖို့အတွက် သွေးအလှူရှင်တွေနဲ့အတူ (၄)လတစ်ကြိမ်စုပေါင်းသွေးလှူဒါန်းမှုတွေပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ အခုလိုသွေးလှူဒါန်းတဲ့နေရာမှာ အမျိုးသားသွေးလှူဌာနကလည်း သွေးအလှူရှင် တွေကို သက်တောင့်သက်သာနဲ့ လှူဒါန်းနိုင်အောင်လို့ ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။ Sunday Foundation အနေနဲ့ ဒီလိုသွေးလှူဒါန်းမှုတွေကို ၂၀၁၅ ခုနှစ်ကစတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရှေ့ဆက်ပြီးတော့လည်း စုပေါင်းသွေးလှူဒါန်းတာတွေအပြင် ဘီပိုးကာကွယ်ဆေးထိုးနှံ ပေးတာတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရယ် ကျရောက်တဲ့ နေရာတွေကိုလည်း သွားရောက်လှူဒါန်းမှုတွေကိုပါ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။ 
 
 

Related News