တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာဖြစ်ပွားနေတဲ့ ကြက်တွေ သေဆုံးနေမှုဟာ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ဘိတ်ခရိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇောရဲ့ ပြောကြားချက်အရ သိရပါတယ်။
 
ထားဝယ်မြို့နယ်တွင်းက ကြက်မွေးမြူရေးခြံတွေမှာ ဇူလိုင်လ(၂၀)ရက်က ကြက်တွေ သေဆုံးနေတာ စတင်သိရှိပြီး ဓာတ်ခွဲခန်းပို့ စစ်ဆေးပြီး ဇူလိုင်လ(၂၅)ရက်မှာ ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ်ပိုး ဖြစ်ပွားနေတဲ့ အဖြေထွက်ရှိလာတာလို့ ပြောပါတယ်။
 
လက်ရှိမှာ ထားဝယ်မြို့အတွင်း က ကြက်ခြံပေါင်း(၂၀)စစ်ဆေးပြီး ကြက်ခြံ(၆)ခြံကို ပိတ်ထားကာ  ကြက်ခြံ(၄)ခြံကိုတော့ သုတ်သင်ရှင်းလင်း မြေမြုပ်မှုတွေ လုပ်သွားမယ်လို့ သိရပြီး  ရောဂါရှာဖွေရေးအဖွဲ့တွေကနေ ဓာတ်ခွဲခန်းမှာ စောင့်ကြပ်ကြည့်ရှုဆဲကာလအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 
 
ရောဂါဖြစ်ပွားမှုကို လျင်မြန်စွာ ထိန်းချုပ်နိုင်ဖို့အတွက် ရောဂါဖြစ် တိရိစ္ဆာန်များ ရှင်းလင်းဖယ်ရှားခြင်းနှင့် ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ခြင်း လုပ်ငန်းတွေကို ဒေသဆိုင်ရာ ကူးဆက်ရောဂါ ထိန်းချုပ်ရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးစီမံချက်ပါ လုပ်ငန်းစဉ်များနဲ့အညီ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 
 
 

Related News