ရန်ကုန်အမျိုးသားသွေးဌာနမှာ သွေးလှူဒါန်းသူတွေအနေနဲ့ Website  ကနေ တစ်ဆင့် ကြိုတင်စာရင်းပေးပြီးသွေးလှူဒါန်းမှုတွေများလာတယ်လို့သိရပါတယ်။ရန်ကုန်မြို့အမျိုးသားသွေးဌာနမှာ သွေးလှုဒါန်းလိုသူတွေအနေနဲ့ Online website ကနေတစ်ဆင့် ကြိုတင်ဖောင်ဖြည့်သွင်းစာရင်းသွင်းတဲ့ Website  ကို မတ်လကုန်ပိုင်းကစတင် မိတ်ဆက်ခဲ့တာဖြစ်ပေမယ့်Website  စတင်လွှင့်လွှင့် ချင်းတစ်လမှာတော့ ကြိုတင်စာရင်းပေးသွင်းသူဟာ ၁၀ ဦးကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။

အခုနောက်ပိုင်းမှာတော့ သွေးလှုဒါန်းသူပြည်သူတွေက Website Link ကိုသူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန်လည်မျှဝေတာတွေရှိတာကြောင့်သွေးလှူဒါန်းရန် ကြိုတင်စာရင်း ပေးသူတွေဟာ ယခင်လတွေထက်ပိုမိုများပြားလာတယ်လို့သိရပါတယ်။မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တာကြောင့် သွေးလှုဒါန်းမှုနှုန်းနဲ့ သွေးလိုအပ်မှုနှုန်းဟာ မမျှတတာတွေရှိတယ်လို့လည်းသိရပါတယ်။ အဲ့တာကြောင့် လူငယ်တွေအနေနဲ့သွေးလှုဒါန်းမှုတွေကို ပုံမှန်းလှုဒါန်းစေလိုတယ်လို့ ပြောပါတယ်။

ရန်ကုန်အမျိုးသားဌာနအနေနဲ့ တစ်လကို သွေးယူနစ်ပေါင်း ၈၀၀၀ ခန့်လိုအပ်နေတာဖြစ်ပြီး သွေးရရှိနှုန်းကတော့ တစ်လနဲ့တစ်လ တူညီမှုမရှိဘူးလို့သိရပါတယ်။အမျိုးသားသွေးဌာနအနေနဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအပါအ၀င် ရန်ကုန်မြို့တွင်းမှာရှိတဲ့ ဆေးရုံပေါင်း ၁၂ ရုံကိုသွေး ထောက်ပံ့ပေးနေရတာဖြစ်ပြီး  ရန်ကုန်ဆေးရုံကြီးကိုတော့ သွေးရရှိမှုနှုန်းရဲ့ ၃ ပုံ ၂ပုံ ကိုသွေး ထောက်ပံ့နေရ တာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News