ဇွန်လ(၂၁)ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာယောဂနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယောဂနှင့်သဘာဝကုထုံး ပဟေဠိပြိုင်ပွဲကို အိန္ဒိယသံရုံး၊ ရန်ကုန်မြို့၌ ဇွန်လ(၁၈)ရက်နေ့ တနင်္ဂနွေနေ့ညနေ(၃)နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂသည် နှစ်စဉ် ဇွန်လ(၂၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာယောဂနေ့အဖြစ်  ၂၀၁၄ ဒီဇင်ဘာလမှာကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခုလိုအပြည်ပြည်ဆိုင်ရာယောဂအထိမ်း အမှတ်ပွဲကိုကျင်းပခဲ့တာဆိုရင်(၄)နှစ် တိုင်ခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာယောဂနေ့ကို တစ်နှစ်နဲ့တစ်နှစ် မတူအောင်ကျင်းပခဲ့တာ ဒီနှစ်ဆိုရင်တော့ ယောဂရဲ့သိသင့်သိထိုက်တဲ့ဗဟုသုတ အချက်အလက်တွေ ကိုသိစေရန်နဲ့ ယောဂကိုပိုမို အလေးထားလာနိုင်စေရန် စတဲ့ရည်ရွယ်ချက် တွေနဲ့ဒီပွဲကို ကျင်းပခဲ့တယ် လို့သိရပါတယ်။ယောဂနှင့်သဘာဝကုထုံး ပဟေဠိပြိုင်ပွဲကိုတော့ ပြိုင်ပွဲဝင်သူဦးရေ (၁၂)ယောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ကြပါတယ်။ပြိုင်ပွဲမှာယောဂနှင့်သက်ဆိုင်တဲ့မေးခွန်းတွေအပြင် ပြင်ပဗဟုသုတ ဆိုင်ရာ မေးခွန်းတွေကိုလည်း မေးမြန်းခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာယောဂနေ့သရုပ်ပြ အခမ်းအနားကိုတော့ ဇွန်လ(၂၅)ရက် ၊ တနင်္ဂနွေနေ့ မနက်(၈) နာရီမှ(၁၀) နာရီထိရန်ကုန်မြို့ ပြည်သူ့ဥယျဉ်ဂိတ်အမှတ်(၁)အနီးမှာကျင်းပ ပြုလုပ်သွား မယ်လို့လည်း သိရပါတယ်။

 

 

Related News