Sunday Foundation မှ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ လိုတရဟင်္သာတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဘီပိုးကာကွယ်ရေးအခမဲ့ထိုးနှံပေးခြင်းကို ဇွန်လ(၁၇)ရက်က ပြုလုပ်ခဲ့ပါတယ်။ Sunday Foundation အနေနဲ့ အများပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု B ပိုးကာကွယ်ဆေး လှူဒါန်းရန်၊ ဆေးဝါးများထောက်ပံ့လှူဒါန်းရန်နဲ့ သွေးလိုအပ်နေတဲ့ ဝေဒနာရှင်များ အတွက်(၄)လတစ်ကြိမ် သွေးလှူဒါန်းမှုများပြုလုပ်ရန် စတဲ့ရည်ရွယ်ချက်များနဲ့ ဆောင်ရွက်နေတာ ဖြစ်ပြီး ၂၀၁၅ မတ်လကစတင်ကာ ဘီပိုးကာကွယ်ဆေးအခမဲ့ထိုးနှံပေးတာတွေကို ပြုလုပ်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။  
 
လိုတရဟသာင်္တ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ သံဃာတော်တွေနဲ့ ကျောင်းသား ကျောင်းသူ ဦးရေစုစုပေါင်း အယောက် ၅၀၀ခန့်ကိုြ ပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။Sunday Foundation အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲနွမ်းပါးသော မိဘမဲ့ကလေးများဂေဟာ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ဘီပိုးကာကွယ်ဆေးများ အခမဲ့ ထိုးပေးခြင်း၊ လိုအပ်နေတဲ့ ဆေးဝါးတွေထောက်ပံ့လှူဒါန်းတာတွေအပြင် သွေးလှူဒါန်းတာ တွေကို လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
 

Related News