မြန်မာဘရူဝါရီလီမိတက်မှ ကြီးမှူးကျင်းပတဲ့ ကရုဏာရှေးရှုမြန်မာမှုအစီအစဉ်ရဲ့ (၂၁)ကြိမ် မြောက် စုပေါင်းသွေးလှူပွဲကို ဇွန်လ(၁၅)ရက်က ရန်ကုန်မြို့အမျိုးသား သွေးလှူဌာနမှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာဘရူဝါရီလီမိတက်ရဲ့ ကရုဏာရှေးရှုမြန်မာမှုအနေနဲ့  တစ်နှစ်ကို သုံးကြိမ် သွေးလှူဒါန်းမှုတွေပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ (၂၀၁၇)ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့အထိ မြန်မာဘရူဝါရီမိတက်ကရုဏာရှေးရှုမြန်မာမှုအစီအစဉ်မှ လှူဒါန်းခဲ့တဲ့ သွေးပုလင်း စုစုပေါင်း (၁၇၆၉၄)ရှိပြီဖြစ်တယ်လို့သိရပါတယ်။

အမျိုးသားသွေးဌာနအနေနဲ့လည်း ယခုလိုသွေးအလှူရှင်တွေပေါ်ထွက်လာဖို့အတွက် ပြည်သူလူထုရဲ့ စေတနာနဲ့ ၀ိရိယကိုသာအားကိုးနေရတာဖြစ်ပြီး သွေးအလှူရှင်တွေ သွေးလှူဒါန်း နိုင်ဖို့အတွက် Website တစ်ခုပြုလုပ်ပေးထားတယ်လို့သိရပါတယ်။၂၀၁၇ ခုနှစ်အတွက် ကရုဏာရှေးရှုမြန်မာမှုအစီအစဉ်အနေနဲ့ဇွန်လနဲ့ ဇူလိုင်လတို့မှာ စုပေါင်းသွေးလှူဒါန်းပွဲတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ပုသိမ်၊ ဟင်္သာတ၊ ပြည်၊ တောင်ငူ၊ မော်လမြိုင်၊  တောင်ကြီးနဲ့ မြိတ်မြို့နယ်တွေမှာ ဆက်လက်သွေးလှူဒါန်း သွားဖို့ရှိတယ်လို့ သိရပါတယ်။ 

 

 

Related News