MPT မှဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ(၁၄)ရက်က ဗဟိုအမျိုးသား သွေးလှူဘဏ်မှာ ပြုလုပ်ခဲ့ပါတယ်။ အခုသွေးလှူတာဟာ MPT မှဝန်ထမ်းတွေရဲ့ ဒုတိယအကြိမ် သွေးလှူဒါန်းပွဲဖြစ်ပြီး ၀န်ထမ်းအယောက်(၁၀၀)နီးပါးပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် ပြည်နယ်နဲ့တိုင်း တွေမှာရှိတဲ့ MPT ရုံးတွေက ၀န်ထမ်းတွေလဲ သက်ဆိုင်ရာမြို့နယ်တွေမှာ ဇွန်လ(၁၄) ရက်နေ့ကသွေးလှူခဲ့တယ်လို့သိရပါတယ်။

ဗဟိုအမျိုးသားသွေးလှူဘဏ်အနေနဲ့ အခုလိုစေတနာရှင်သွေးလှူဒါန်းသူတွေ လှူဒါန်းခဲ့တဲ့ သွေးတွေကို အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ထားပြီး လက်ရှိအချိန်ထိ သွေးအလေအလွင့် မရှိခဲ့ဘူးလို့ သိရပါတယ်။ ဗဟိုအမျိုးသားသွေးလှူဘဏ်ကိုပြီးခဲ့တဲ့မေလအတွင်းမှာ စေတနာရှင် သွေးလှူဒါန်းသူ (၇၀၀၀)ကျော်ရှိခဲ့ပြီး လူနာတွေရဲ့ သွေးလိုအပ်ချက်ကို (၉၇) ရာခိုင်နှုန်းထိဖြည့်ဆည်း ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ MPT မှဝန်ထမ်းတွေအနေနဲ့ သွေးလှူဒါန်းတာအပါအ၀င် အခြားပရဟိတလုပ်ငန်းတွေကို လဲလုပ်ဆောင်နေတယ်လို့သိရပါတယ်။

 

 

    

Related News