တတိယအကြိမ်မြောက် Duwun အစားအသောက်ပွဲတော်ကို လာမယ့် မတ်လ ၃၀ ရက်နဲ့ ၃၁ ရက်တို့မှာ ပြည်သူ့ရင်ပြင်၊ ကွင်းအမှတ်(၂)မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။တတိယအကြိမ်မြောက် Duwun အစားအသောက်ပွဲတော်မှာ အနုပညာရှင်တွေ ရောင်းချမယ့် ဆယ်လီဈေးတန်းနဲ့အတူ ပြည်တွင်းရှိ နာမည်ကျော်စားသောက်ကုန်တွေနဲ့ တိုင်းရင်းသားရိုးရာ အစားအသောက်တွေကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ ပွဲတော်မှာ မုန့်ထုပ်တွေကို လူကိုယ်တိုင်ပါဝင် ကောက်ယူနိုင်မယ့် အစီအစဉ်ပါဝင်သလို မြန်မာ့ရိုးရာအစားအစာဖြစ်တဲ့  သာကူ၊ မုန့်လက်ဆောင်းတို့ကို စတုဒိသာ ကျွေးမွေးမယ့်အစီအစဉ်လည်းပါဝင်ပါတယ်။Duwun အစားအသောက်ပွဲတော်မှာ ငွေသားကိုင်ဆောင်စရာမလိုပဲ KBZ Pay နဲ့ ငွေပေးချေလို့ရမယ့် အစီအစဉ်လည်းပါဝင်ပြီး ပွဲတော်လာရောက်တဲ့သူတွေကို မှတ်ပုံတင်ယူဆောင်လာရင် KBZ Pay အကောင့် တခါတည်း ဖွင့်ပေးမယ်လို့သိရပါတယ်။တတိယအကြိမ်မြောက် Duwun အစားအသောက်ပွဲတော်ကို ဝင်ကြေးအခမဲ့နဲ့ ဝင်ရောက်နိုင်ပြီး အစားအသောက်ဆိုင်ခန်း တစ်ရာကျော် ပါဝင်ရောင်းချမှာဖြစ်ပါတယ်။

 

 

Related News