ထိုင်းနိုင်ငံရဲ့ အရည်အသွေးမြင့် ကုန်ပစ္စည်းများTop Thai Brands 2019 ကုန်စည်ပြပွဲကို ဖေဖော်ဝါရီလ (၂၁)ရက်ကနေ  (၂၄)ရက်အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမမှာပြုလုပ်နေတာဖြစ်ပါတယ်။Top Thai Brand 2019 ကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနှစ်ဖက်စလုံးမှ အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍများပိုမိုတိုးတက်လာစေရန်၊ ထိုင်းအရည်အသွေးမြင့် ထုတ်ကုန်အမှတ်တံဆိပ်များကို ပြည်တွင်းက စားသုံးသူများကို မိတ်ဆက်ပေးရန် နဲ့ နှစ်နိုင်ငံကြား စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းလက်တွဲကာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာစေရန် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။ဒီပြပွဲမှာ ဆိုင်ခန်းပေါင်း (၁၃၀)ကျော်ပါဝင်ပြသထားပြီး ထိုင်းနိုင်ငံက ထိပ်တန်း ကုန်အမှတ်တံဆိပ်ပေါင်း (၁၀၀)ကျော်က ပါဝင်ပြသထားပါတယ်။

ကုန်စည်ပြပွဲ (၄)ရက်အတွင်း ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအမှတ်တံဆိပ်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ နေ့စဉ်အထွေထွေသုံးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဒစ်ဂျစ်တယ်နဲ့ အိုင်တီပစ္စည်းများ အပါအ၀င် ကျန်းမာရေးနဲ့ အလှအပဆိုင်ရာထုတ်ကုန်များကိုရောင်းချနေတာဖြစ်ပါတယ်။ဒါ့အပြင် ကုန်စည်ပြပွဲ (၄)ရက်အတွင်းမှာ ထိုင်းအနုပညာပြပွဲ ၊ ထိုင်းရိုးရာအကအလှဖျော်ဖြေပွဲ ၊ ထိုင်းအစားအစာများချက်ပြုတ်တဲ့ အစီအစဉ်များ၊ မိတ်ကပ်ပြင်ဆင်ချယ်သတဲ့ အစီအစဉ်များအပါအ၀င် Thai Airways၊ Bangkok Airways နဲ့ Nok Air လေကြောင်းလိုင်းများမှ လေယာဉ်လက်မှတ်များ ကံစမ်းမဲဖောက်ပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ပြသထားတယ်လို့သိရပါတယ်။ အဆိုပါ Top Thai Brand 2019 ကို မြန်မာနိုင်ငံမှာ ပြုလုပ်လာတာက အခုအကြိမ်နဲ့ဆိုရင် (၄)ကြိမ်ရှိပြီဖြစ်ပြီး ဒီပြပွဲကို  ဖေဖော်ဝါရီလ (၂၁)ရက်ကနေ ဖေဖော်ဝါရီလ (၂၄)ရက်အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမမှာပြသနေတာဖြစ်ပါတယ်။

 

 

Related News