Forever Group ကုမ္ပဏီက ကြီးမှူးကျင်းပမယ့်  Myanmar Countdown 2019 နှစ်သစ်အကြိုပွဲကိုမိုင်ဒါကွင်းမှာ ဒီဇင်ဘာ(၃၁)ရက် ညနေပိုင်း(၆)နာရီကနေ စတင်ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ Forever Group နှစ်စဉ်ကျင်းပပြုလုပ်နေကြဖြစ်တဲ့ Myanmar Countdown 2019 နှစ်သစ်အကြိုပွဲကို မိုင်ဒါကွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ဒီနှစ်မှာတော့ ထူးခြားတဲ့ အစီအစဉ်တွေနဲ့ ကျင်းပသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ(၂၉)ရက်နေ့က စတင်ပြီး ညဈေးလို မုန့်ဆိုင်တန်းများ၊ အရုပ်ကောက်စက်များနဲ့ ကစားကွင်းတွေနဲ့ ကစားနိုင်အောင် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဒီလိုစီစဉ်ထားမှုတွေနဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ကိုကျော်စွာလွင်က အခုလို ပြောပါတယ်။ဂီတဖျော်ဖြေပွဲကိုတော့ ဒီဇင်ဘာ(၃၁)ရက်နေ့ ညနေ(၆)နာရီက စတင်ဖျော်ဖြေမှာ ဖြစ်ပြီး နိုင်ငံကျော်တေးသံရှင် တွေ ဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ လင်းလင်း၊ Snare ၊ G-fatt ၊ အားတီ ၊ ဘန်နီဖြိုး၊ သာဒီးလူ၊ အိမ့်ချစ်၊ နီနီခင်ဇော် နဲ့ မိစန္ဒီတို့ ပါဝင်ဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဝင်ကြေးအခမဲ့ဖြစ်လို့ ပွဲကိုလာရောက် သူဟာ နှစ်စဉ်နှစ်သိန်းဝန်းကျင်ရှိတာကြောင့် လုံခြုံရေးပိုင်းကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်ထားတယ်လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ကိုကျော်စွာလွင်ကပြောပါတယ်။ဒီဇင်ဘာ(၂၉)ရက်နဲ့ (၃၀)ရက်တွေမှာ ပြုလုပ်တဲ့ ညဈေးတန်းနဲ့ ကစားကွင်းအတွက်ကတော့ ဝင်ခွင့်လက်မှတ် မလိုပဲ ဒီဇင်ဘာ(၃၁)ရက်နေ့ ဖျော်ဖြေပွဲအတွက် ဝင်ခွင့်လက်မှတ်တွေကို Canal+ Showroom မှာ မှတ်ပုံတင်ပြသပြီး လက်မှတ်တွေကို ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ဒါ့အပြင် နိုင်ငံတ၀န်းက မိဘပြည်သူတွေကြည့်ရှုခံစားနိုင်ဖို့ အတွက်လည်း MRTV-4 နဲ့ Channel -7 ရုပ်သံလိုင်းတွေက နေ တိုက်ရိုက်ထုတ်လွှင့်ပြသ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News