ပန်းလှိုင်စီလုံဆေးရုံကကြီးမှူးပြီး မိခင်နှင့်ကလေးများနေ့ပျော်ပွဲရွင်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂၂)ရက်က အဆိုပါ ပန်းလှိုင်စီလုံ ဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ပန်းလှိုင်စီလုံဆေးရုံမှာမွေးဖွားခဲ့တဲ့ မိခင်၊ကလေးငယ်တွေနဲ့မိသားစုဝင်တွေကို ပန်းလှိုင်စီလုံဆေးရုံမိသားစုက အမြဲသတိရပြီးအစဉ်ချစ်ခင်တန်ဖိုးထားကြောင်းပြသတဲ့အနေနဲ့နှစ်စဉ် ဒီဇင်ဘာလ ရောက်တိုင်းရက်တစ်ရက်သတ်မှတ်ပြီးတွေ့ဆုံကြသလို ကလေးတွေလည်းပျော်ရွှင်စွာကစားရင်း ပြန်လည် တွေ့ဆုံကြစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အခုပြုလုပ်ခဲ့တဲ့ မိခင်နှင့်ကလေးများနေ့ပျော်ပွဲရွင်ပွဲမှာတော့ပျော်ရွင်စရာ ဂိမ်းအစီအစဉ်များ၊ကလေးတွေပညာဗဟုသုတ ရစေပြီး ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေမယ့်Activitiesလေးများ၊ ကလေးတွေအတွက်ခေတ်မီကစားကွင်းများ၊ မိသားစုလိုက်ကစားလို့ရနိုင်မယ့် ဂိမ်းအစီအစဉ်များအပြင် Dancerအဖွဲ့တွေနဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှု တွေလည်း ပါဝင်ခဲ့ပါတယ်။မိခင်နှင့်ကလေးများနေ့ပျော်ပွဲရွင်ပွဲမှာ မိခင်နဲ့ ကလေးတွေနဲ့ပက်သက်တဲ့ ပစ္စည်းအရောင်းဆိုင်ခန်းများ၊ စားသောက်ဆိုင်များ အစရှိတဲ့ဆိုင်ခန်းပေါင်း(၂၆)ခန်းကလည်း ပါဝင်ရောင်းချနေတာဖြစ်ပြီး လာရောက်ကြတဲ့ ကလေးတွေအတွက်ကိုလည်း လက်ဆောင်ပစ္စည်းပေးမယ့်အစီအစဉ်တွေကို ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

 

 

Related News