ပန်းချီကားတွေကို စုတ်တံနဲ့ အများဆုံးရေးဆွဲတာကို တွေ့ရပြီး စက္ကူနဲ့ ပန်းချီလက်ရာတွေ ဖန်တီးတာကိုတော့ တွေ့မြင်ရလေ့မရှိပါဘူး။ ဆရာမ ဒေါ်မြမြဦးကတော့ စက္ကူတွေနဲ့သာ ပြုလုပ်ထားတဲ့ ပန်းချီတွေကို ဖန်တီးထားပါတယ်။ ဆရာမ မြမြဦးကတော့ အသက်ရှစ်ဆယ်ရောက်မှ အခုလို စက္ကူပန်းချီပြပွဲကို ပထမဆုံး ပြသဖြစ်တာပါ။ ဆရာမအနေနဲ့ အရင်က စစ်သူနာပြုအရာရှိတာဝန်ထမ်းဆောင်ခဲ့ပြီး ပင်စင်ယူပြီးသွား ချိန်မှာတော့ စက္ကူပန်းချီတွေကိုတစ်စိုက်မတ်မတ် ဖန်တီးပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီပန်းချီလက်ရာ တွေကိုတော့ နှစ်ပေါင်းနှစ်ဆယ်နီးပါး ကြိုးစားအားထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ 

ဆရာမအနေနဲ့ အသက်အရွယ်ကြီးနေတာကြောင့် ပန်းချီကားဖန်တီးရာမှာ သားသမီးတွေရဲ့ အကူအညီယူခဲ့ရတယ်လို့သိရပါတယ်။ စက္ကူကအဓိက ကုန်ကြမ်းဖြစ်တဲ့အတွက် စက္ကူရှာဖွေတာနဲ့ စက္ကူခေါက်တာတွေကို သားသမီးတွေက ကူညီပံ့ပို့ပေးတယ်လို့သိရပါတယ်။ပြပွဲကိုလာရောက်ကြည့်ရှုသူတစ်ဦးကလဲ သူအနေနဲ့ စက္ကူနဲ့ပြုလုပ်ထားတဲ့ ပန်းချီကားတွေကို အခုမှမြင်တွေ့ဘူးတာဖြစ်တယ်လို့ပြောပါတယ်။ ပြပွဲမှာပန်းချီကားပေါင်း တစ်ရာကျော်ပြသထားပြီး ပန်းချီကားဈေးနှုန်းတွေကိုတော့ အနည်းဆုံးငွေကျပ်နှစ်သောင်းဝန်းကျင်ကနေ အများဆုံးငွေကျပ်လေးသိန်းကျော်ထိသတ်မှတ်ထားတယ်လို့ သိရပါတယ်။ စက္ကူပန်းချီပြပွဲကို မေလ(၁၂)ရက်နေ (၁၃)ရက်ထိ Yangon Gallary မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

 

Related News