ကျိုက္ကဆံကွင်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ တည်ဆောက်လျက်ရှိတဲ့ Lifebuoy Forever Thingyan 2018 သင်္ကြန်မဏ္ဍပ် မြင်ကွင်းများကို တင်ဆက်ပေးပါ့မယ်။Forever Group ကနေ ကြီးမှူးပြုလုပ်တဲ့  Lifebuoy Forever Thingyan 2018 သင်္ကြန်မဏ္ဍပ်ကို အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံကွင်းမှာ တည်ဆောက်လျက်ရှိပါတယ်။ မဏ္ဍပ်မှာ သင်္ကြန်မတိုင်မီ အကြိုပြင်ဆင်မှုတွေလုပ်နေပြီး ရေကစားသူတွေ အဆင်ပြေအောင် လုံခြုံရေးအပိုင်းကို သေချာပြင်ဆင်ထားတယ်လို့ သိရပါတယ်။

Lifebuoy Forever Thingyan 2018  သင်္ကြန်မဏ္ဍပ်မှာ ယခုနှစ်ရဲ့ ထူးခြားတဲ့ အစီအစဉ်အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ Big Bag ၊ လင်းလင်း၊ အားတီ၊ Snare ၊ G-Fatt ၊ Bobby Soxer ၊ ဘန်နီဖြိုး၊ ၀ိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ရေဗက္ကာဝင်းစတဲ့ နာမည်ကြီးတော် အဆိုတော်တွေပါဝင် ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။Lifebuoy Forever Thingyan 2018  သင်္ကြန်မဏ္ဍပ်ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို သင်္ကြန်ကာလအတွင်းMRTV-4 , Channel-7 နဲ့ Pyone- Play အက်ပလီကေးရှင်းတို့မှာ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။ 

 

 

Related News