ရန်ကုန်အကယ်ဒမီကျောင်းရဲ့(၂၁၀၈)ခုနှစ် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဧပြီလ(၆)ရက်က ရန်ကုန်မြို့ Melia ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ရန်ကုန်အကယ်ဒမီကျောင်းက International School ဖြစ်ပြီး ဒီကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေကို မြန်မာ့ယဉ်ကျေးမှုကိုမြတ်နိုးတတ်စေရန်၊ ရိုးရာအတာသင်္ကြန်ပွဲတော်ကို ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ပြီး အခုလို အတာသင်္ကြန်ပွဲတော်ကို ကျင်းပပေးတာဖြစ်ပါတယ်။ရန်ကုန်အကယ်ဒမီကျောင်းမှာ လက်ရှိပညာသင်ကြားနေတဲ့ ကလေးများက သင်္ကြန်သီချင်း များနဲ့ တေးသရုပ်ဖော် ကပြခဲ့ကြပါတယ်။ရန်ကုန်အကယ်ဒမီကျောင်းကInternational School မှာKG တန်းကနေGrade 12 အထိသင်ကြားပေးနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ နိုင်ငံတကာက ဆရာဆရာမနဲ့ ပြည်တွင်းက ဆရာ၊ ဆရာမတွေက သင်ကြားပေးနေပြီး ကျောင်းသားကျောင်းသူ(၃)ရာဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

 

 

Related News