ကျန်းမာရေးအခမဲ့ဆေးစစ်ခြင်းနှင့် အသိပညာပေးပွဲတော်ကို ဧပြီလ(၇)ရက်က ကန်သာယာ အထူးကုဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပါတယ်ကျန်းမာရေးအခမဲ့ဆေးစစ်ခြင်းနှင့် အသိပညာပေးပွဲတော်မှာ ကန်သာယာအထူးကုဆေးရုံကြီး အနေနဲ့ နှလုံးနဲ့ဆိုင်တဲ့ကုသမှုတွေကိုပြည်သူတွေသိရှိစေဖို့ အသိပညာပေးတာဖြစ်ပါတယ်။ ဒီဆေးရုံကြီးမှာ နှလုံး၊ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတမျိုးစုံကို ရှင်းလင်း ပြောကြားတဲ့အပြင် အစာအိမ်အူလမ်းကြောင်းဖြစ်ပွါးမှုဆိုင်ရာ ရောဂါအမျိုးအကြောင်းကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး ဟောပြောပွဲမှာ မြန်မာနိုင်ငံမှာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ပတ်သက်တဲ့ဝေသနာရှင်တွေ များပြားလာတာကြောင့် ပြည်သူတွေကို ကျန်းမာရေးဗဟုသုတနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ပေးတာဖြစ်တယ်လို့ သိရပါတယ်။ဧပြီလ(၇)ရက်ဟာ ကမ္ဘာ့နှလုံးရောဂါအထိမ်းအမှတ်နေ့ဖြစ်တဲ့အတွက် အခုလိုအခမ်းအနား ပြုလုပ်ရဖြစ်ပြီးမကြာခင်သင်္ကြန်ကာလလည်းကျရောက်တော့မှာဖြစ်တာကြောင့် ပြည်သူတွေကို ကျန်းမာရေးအခမဲ့စစ်ဆေးခြင်းတွေနဲ့ ဆေးပစ္စည်းတွေကိုပါ လက်ဆောင်တွေလည်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ကန်သာယာဆေးရုံကြီးအနေနဲ့အခုလိုဆေးပညာနဲ့ပတ်သက်ပြီးအသိပညာပေးပွဲတော်ကို ပထမဆုံးအကြိမ်ပြုလုပ်ပေးတာဖြစ်ပါတယ်။

 

 

Related News