တိုင်းရင်းသားကျေးရွာလို့လူသိများတဲ့ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)မှာ ဧပြီလ (၈)ရက်က ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့က ပြည်သူလူထုကို ဖျော်ဖြေတင်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။ယခုဖျော်ဖြေပွဲကိုပြန်ကြားရေးဝန်ကြီးဌာ၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရဲ့ ပြန်ကြားပေးရန်၊ ဖျော်ဖြေ ပေးရန်၊ ပညာပေးရန်ဆိုတဲ့ ရည်မှန်းချက်သုံးရပ်ထဲက ပြည်သူလူထုကိုဖျော်ဖြေပေးရန်ဆိုတဲ့ အချက်နဲ့အညီပြု လုပ်တာလို့သိရပါတယ်။ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)ကို ပြည်သူတွေသိရှိပြီး စိတ်ဝင်တစား နဲ့လာရောက်လေ့လာနိုင်စေဖို့လည်းပါဝင်တယ်လို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

ဖျော်ဖြေပွဲကို ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူနဲ့ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်အပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ လဲတက်ရောက်ခဲ့ကြပါတယ်။ ဖျော်ဖြေပွဲကိုမြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့ နဲ့အတူ မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့က အဆိုရှင်တွေဖြစ်တဲ့ ရွှေရည်ဝင်းလက်၊ ရဲရင့်ဝေလွင်တို့ အပါအ၀င်အဆိုရှင်(၁၀)ဦးကျော်က သီဆိုဖျော်ဖြေခဲ့ ကြပါ တယ်။ ဒါ့အပြင်မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နဲ့အတူ ငြိမ်းချမ်းရေးသီချင်းဆိုပြိုင်ပွဲမှာဆုရရှိခဲ့တဲ့ အဆိုရှင်တွေဖြစ်တဲ့ မေသူကျော်၊ ကြူကြူခိုင်တို့ အပါအ၀င် အဆိုရှင်(၁၀)ဦးကလည်း သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ ကြပါတယ်။

မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့ရဲ့ ပြည်သူလူထုကို ဖျော်ဖြေတင်ဆက်ခြင်းကို အမျိုးသားအထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်)ကို လာရောက်တဲ့ အများပြည်သူတွေ ကျောင်းသား ကျောင်းသူတွေ အားပေးကြည့်ရှုခဲ့ကြပါတယ်။အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)ကို ၂၀၁၀ ဖေဖော်ဝါရီလမှာ စတင်ဖွင့်လှစ်ခဲ့ကာ အများပြည်သူရုံးပိတ်ရက်တွေမှာ ပြည်သူလူထုအတွက် တိုင်းရင်းသားရိုးရာ အကတွေ၊ တေးသီချင်းတွေ၊ ပဒေသာယိမ်းအကတွေ၊ ဟာသတစ်ခန်းရပ် ပြဇာတ်တွေ၊ ရုပ်သေးအကတွေအပြင် မျက်လှည့်တွေ၊ ရှေးဟောင်းအကတွေကိုတစ်လတစ်ကြိမ်နှုန်းနဲ့ အလှည့်ကျ ဖျော်ဖြေပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News