ဆေးတကက္ကသိုလ်(၁)ရဲ့ ပျော်ပွဲရွှင်ပွဲအခမ်းအနားကို နှစ်စဉ်ကျင်းပလာတာ ကျောင်းသက်တမ်း နှင့်အတူ (၉၁)မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အခု (၉၁)ကြိမ်မြောက် ဆေးတက္ကသိုလ် (၁) ရဲ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနားကိုတော့ ဧပြီလ(၇)ရက်က ဆေးတက္ကသိုလ် (၁)လမ်းမတော်မှာ ပြုလုပ်ခဲ့ပါတယ်။ဆေးတက္ကသိုလ်(၁)မှာ နှစ်စဉ်ပျော်ပွဲရွှင်ပွဲတွေပြုလုပ်ပေးရတာကတော့ ဆေးပညာလောကမှာ ပညာသင်ကြားနေကြရတဲ့ ကျောင်းသား၊ကျောင်းသူတွေဟာ ကျောင်းသင်ခန်းစာတွေကိုသာနေ့စဉ်ပြုလုပ်နေရတာကြောင့် ပြင်ပလှုပ်ရှားမှုတွေအနေနဲ့ ဒီလိုပွဲမျိုးတွေပြုလုပ်ပေးတာဖြစ်ပါတယ်။

ပျော်ပွဲရွှင်ပွဲအခမ်းအနားမှာ ဂီတဖျော်ဖြေပွဲတွေအပြင် အနုပညာကဏ္ဍအစုံလည်း ပါဝင်တယ်လို့သိရပါတယ်။ပျော်ပွဲရွှင်ပွဲအခမ်းအနားမှာ ဘာသာရပ်အလိုက်ဆေးကျောင်းသူ၊ ဆေးကျောင်းသားတွေရဲ့ ဈေးပွဲတော်လည်း ပါဝင်တာဖြစ်ပါတယ်။ ဈေးရောင်းပွဲတော်မှာ ဘာသာရပ်အသီးသီးမှ အမှတ်တရပစ္စည်းများ၊ ကျောင်းရဲ့အထိမ်းအမှတ် စာအုပ်များ၊အ၀တ်အထည်များ၊ အစားအသောက်များနဲ့ အအေးစတာတွေကို ဆိုင်ခန်းပေါင်း(၄၀)ကျော် ရောင်းချခဲ့တယ်လို့သိရပါတယ်။

ဆေးကျောင်းသူ၊ဆေးကျောင်းသားတွေရဲ့ ပန်းချီပြပွဲ၊ပြိုင်ပွဲ၊ဓါတ်ပုံပြပွဲ၊ ပြိုင်ပွဲတွေအပြင် နံရံကပ်စာစောင်ပြိုင်ပွဲများနဲ့ မောင်မယ်ရွေးချယ်ပွဲတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဆေးတက္ကသိုလ်(၁)လမ်းမတော်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၂)ရက်နေ့ကတည်းက (၉၁)နှစ်ပြည့်ခဲ့ပေမယ့် ကျောင်းသား၊ကျောင်းသူတွေစာမေးပွဲဖြေဆိုပြီးချိန်မှသာအခုလိုပျော်ပွဲရွှင်ပွဲအခမ်းအနားပြုလုပ်ပေးတာဖြစ်ပါတယ်။ ဒီအခမ်းအနားကို ဆေးတက္ကသိုလ်(၁)မှာ တက်ရောက်နေတဲ့ ကျောင်းသား၊ကျောင်းသူများ၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျောင်းသားဟောင်းတွေလည်း တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

 

 

Related News