(၁၅)ကြိမ်မြောက်ရခိုင်ရိုးရာသင်္ကြန်ကို သုဝဏ္ဏ အားကစားကွင်းမှာ မဏ္ဍပ်(၂၁)ခုဆောက်လုပ် ကျင်းပသွားမယ်လို့သိရပါတယ်။(၂၀၁၈) ခုနစ်အတွက်  ရခိုင်ရိုးရာ သင်္ကြန်ရဲ့ဖွင့်ပွဲ အခမ်းအနားကို သင်္ကြန်အကြိုနေ့ရဲ့ နေ့လည်မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။ ရခိုင်ရိုးရာသင်္ကြန်ကို ရခိုင်ယဉ်ကျေးမှုအတိုင်း နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲနဲ့ သင်္ကြန် ရေလောင်းပွဲဆိုပြီး အဆင့် (၃)ဆင့်နဲ့ကျင်းပသွားမယ်လို့သိရပါတယ်။ ရေလောင်းမဏ္ဍပ်များမှာ ရခိုင်ရိုးရာအစဉ်အလာအတိုင်း လောင်းလှေများမှာ ရေဖြည့်ပြီး ရေလောင်းရေပက်ကြမှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များလည်းပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်ကတော့ အရင်နှစ်ကထက် တစ်သင်းပိုများလာပြီး ပိုပြီးစည်ကားစွာကျင်းပနိုင်ဖို့ ကိုလည်း စီစဉ်သွားမယ်လို့သိရပါတယ်။ဒီနှစ် ရခိုင်ရိုးရာသင်္ကြန်မှာ သင်္ကြန်ပွဲတော်အထိမ်းအမှတ် အမှတ်တရပစ္စည်းဆိုင်တွေ၊ ရခိုင်ရိုးရာ စားသောက်ဆိုင်တွေ (၈၀)ခန့်အထိပါဝင်မှာဖြစ်ပြီး စတုဒီသာကျွေးမွေးမှု အစီအစဉ်တွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ရိုးရာသင်္ကြန်ကို ဘုရားဆင်းတုတော်များ အားရေသပ္ပါယ် ပြီးမှသာ လူအချင်းချင်းလောင်းပက် ကြတာကြောင့် ဒီဓလေ့အတိုင်း ဧပြီလ (၁၂)ရက်နံ့သာ သွေးပြိုင်ပွဲမှ ရရှိခဲ့တဲ့ နံ့သာရေတွေနဲ့  ဘုရား ဆင်းတုတော်များကို ဧပြီလ (၁၃)ရက်မနက်မှာ ရေသပ္ပါာယ်ပြီးမှသင်္ကြန်ရေလောင်းပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။ရခိုင်ရိုးရာသင်္ကြန်ကို ရန်ကုန်တိုင်းဒေသကြီး၊ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာနက ကြီးမှူးပြီး ရခိုင်လူမှုရေးအဖွဲ့များက စုပေါင်းပြီးကျင်းပကြတာဖြစ်တယ်လို့သိရပါတယ်။ 

 

 

Related News