ဧပြီလ(၄)ရက်က မန္တလေးမြို့ အမျိုးသမီးကလေးများသင်တန်းကျောင်းမှာရှိတဲ့ မိဘမဲ့ ကလေးတွေအတွက် နိုင်ငံတကာ အနုပညာရှင်တွေကသစ်နဲ့ လုပ်ပြုလုပ်တဲ့ တူရိယာတွေနဲ့ ကပြဖျော်ဖြေခဲ့တာပါ။ 
ဒီဖျော်ဖြေမှုကို မန္တလေးမြို့မှာ ကျင်းပမယ့်World Wood Day Myanmar 2018 မှာ ကပြဖျော်ဖြေမယ့်နိုင်ငံတကာ အနုပညာရှင်တွေက ကလေးတွေအတွက်လာရောက်ဖျော်ဖြေပေးကြတာ ဖြစ်ပါတယ်။ အခုလိုဖျော်ဖြေပေးတာဟာ သင်တန်းကျောင်းမှာရှိတဲ့ကလေးတွေပျော်ရွှင်စေဖို့နဲ့ သစ်သားနဲ့ပတ်သက်ပြီးဗဟုသုတတွေကို လေ့လာမှတ်သားစေနိုင်ဖို့ ရည်ရွယ်ပြီးပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုဖျော်ဖြေပွဲကို မက္ကစီကို၊ အာဖရိက၊ တရုတ် စတဲ့နိုင်ငံတွေက အနုပညာရှင်တွေက ကပြဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။ လာရောက်ဖျော်ဖြေတဲ့အဖွဲ့ဝင်(၂၁) ယောက်ပါဝင်ပါတယ်။ မန္တလေးမြို့အမျိုးသမီးကလေးများ သင်တန်းကျောင်းမှာဆိုရင် ကလေးငယ်(၄၅) ယောက်ရှိပြီး ကျောင်းကို အခုလိုလာရောက်ဖျော်ဖြေတာနဲ့ ပတ်သက်ပြီး သင်တန်းကျောင်းမှ တာဝန်ရှိသူက အခုလိုပြောပါတယ်။ ကျောင်းမှာရှိတဲ့ကလေးသူငယ်တွေအတွက် ကပြဖျော်ဖြေမှုတွေအပြင်IWCS နဲ့ မန္တလေးတိုင်းဒေသကြီး သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းတို့က ကျောင်းအတွက်အလှူငွေ များလည်းပေးအပ်ခဲ့ပါတယ်။

 

 

Related News