Myanmar Abstract Artists ဆိုတဲ့ ခေါင်းစဉ်နဲ့ပန်းချီပြပွဲကို ရန်ကုန်မြို့ကျောက်တံတား လောကနတ်ပန်းချီပြခန်းမှာ မတ်လ(၂)ရက်ကစတင်ကာ မတ်လ(၅)ရက်ထိ(၄)ရက်တာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 
Abstract ပန်းချီတွေက စိတ်ဖွင့်ထုတ်ပြီးဖန်တီးရေးဆွဲရတဲ့ ပန်းချီကားတွေဖြစ်ပြီး လွတ်လပ်ခြင်း၊ ခံစားမှုတွေနှင့် အချုပ်အနှောင်ကင်းစွာဖန်တီးထားတဲ့ ပန်းချီကားတွေကို ခရိုင်းလစ်နဲ့ ရေးဆွဲထားတာ ဖြစ်ပါတယ်။ အခုလိုဆန်းကြယ်တဲ့အာရုံနဲ့ အရောင်တွေပေါင်းစပ်ပြီးရေးဆွဲထားတဲ့ Abstract ပန်းချီတွေကို လာရောက်ကြည့်ရှုသူတွေကို ထူးခြားတဲ့ခံစားမှုအာရုံတွေ ကြည့်မြင်ခံစားနိုင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီပန်းချီပြပွဲကို စတုတ္ထအကြိမ်ပြုလုပ်တာဖြစ်ပြီး ပန်းချီဆရာ(၁၃)ဦးရဲ့ပန်းချီကားပေါင်း ၆၄ ကားကို ပြသထားကာ ပန်းချီရေးဆွဲသူတွေရဲ့ စိတ်ခံစားမှုနဲ့ပတ်သက်ပြီးရေးဆွဲထားတဲ့ Abstract ပန်းချီကားတွေ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News