ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ အကျိုးတူပူးပေါင်းထုတ်လွှင့်ခွင့်ရခဲ့တဲ့ မဇျွိမ အခမဲ့ဒစ်ဂျစ်တယ်ရုပ်သံလိုင်း တရားဝင်မိတ်ဆက်တဲ့ အခမ်းအနားကို ဖေဖော်ဝါရီ (၂၇)ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ မြန်မာအသံနှင့် ရုပ်မြင်သံကြားနဲ့ ပြည်တွင်းရုပ်သံနဲ့ စာနယ်ဇင်းမီဒီယာတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

မဇျွိမအခမဲ့ဒစ်ဂျစ်တယ်ရုပ်သံလိုင်းသစ်မှာပြသမယ့် ကိုယ်ပိုင်အစီအစဉ်တွေ၊ တစ်ဦးတည်းမူပိုင် အနေနဲ့ ပြသမယ့် နိုင်ငံတကာဖျော်ဖြေရေးအစီအစဉ်တွေနဲ့ မိတ်ဖက်မီဒီယာတွေနဲ့ပူးပေါင်း တင်ဆက်မယ့် ရုပ်သံအစီအစဉ်အကြောင်းတွေကိုလည်း အခုအခမ်းအနားမှာ မိတ်ဆက်ပြသခဲ့ပါတယ်။မဇျွိမ မီဒီယာအနေနဲ့ဖေဖော်ဝါရီ (၁၇)ရက်က ရုပ်သံလိုင်းထုတ်လွှင့်ခွင့်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ Mizzima TV အစီအစဉ်တွေကိုတော့ ဖေဖော်ဝါရီ(၁၈)ရက်နေ့ကစပြီး အွန်လိုင်းကနေ စမ်းသပ်ထုတ်လွှင့်နေတာဖြစ်ပြီး လာမယ့်မတ်လအတွင်း စတင်ထုတ်လွှင့် နိုင်တော့မှာဖြစ်ပါတယ်။

မဇျွိမ အခမဲ့ဒစ်ဂျစ်တယ်ရုပ်သံလိုင်းသစ်မှာ တစ်ရက်(၁၇)နာရီပြသသွားမှာဖြစ်ပြီးလူငယ်နဲကလေးကဏ္ဍတွေကိုအဓိကထားထုတ်လွှင့်မယ်လို့ သိရပါတယ်။မဇျွိမ အခမဲ့ ဒစ်ဂျစ်တယ်ရုပ်သံလိုင်းသစ်ကိုတော့ ဒစ်ဂျစ်တယ်ကျူနာ ပါတဲ့တီဗွီတွေမှာ ဖမ်းယူကြည့်ရှု နိုင်သလို Digital Set-top တွေမှာလည်း ဖမ်းယူကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ အခမဲ့ ဒစ်ဂျစ်တယ်ရုပ်သံလိုင်း(၁၁)လိုင်းရှိနေပြီး မကြာမီမဇျွိမအပါအ၀င် အခမဲ့ဒစ်ဂျစ်တယ် ရုပ်သံလိုင်း သစ်(၅)ခုထပ်မံ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ 

 

 

 

Related News