Canal+ Myanmar FG  ရဲ့ Canal + အရောင်းပြခန်းသစ်ကို ဖေဖေါ်ဝါရီလ ၂၇ ရက်က မန္တလေးမြို့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အခု မန္တလေးမြို့မှာ ဖွင့်လှစ်တဲ့ Canal +အရောင်းပြခန်းဟာ မန္တလေးတိုင်းဒေသကြီး အတွက် ပထမဆုံးအရောင်းပြခန်းဖြစ်တယ်လို့ သိရပါတယ်။ ဒီအရောင်းပြခန်းဟာ မန္တလေးမြို့ ၆၂လမ်း၊ မနော်ဟရီနှင့် စိန်ပန်းလမ်းကြားမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

အခုလက်ရှိ Canal + Myanmar FG  မှာ ကိုယ်ပိုင်ရုပ်သံလိုင်း ပေါင်း(၈)လိုင်းနဲ့ နိုင်ငံတကာရုပ်သံလိုင်း (၇၅)လိုင်း ပြသပေးနေပြီး ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေကို ဆက်လက်ပြသပေးနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။အခုပြုလုပ်တဲ့ Canal+ မန္တလေးအရောင်းပြခန်းဖွင့်ပွဲမှတော့ ဂိမ်းကစားခြင်းအစီအစဉ်၊ အမှတ်တရဓါတ်ပုံရိုက်တဲ့အစီအစဉ်တွေနဲ့ ကံစမ်းမဲအစီအစဉ်တွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ Canal+ အရောင်းပြခန်းတွေကို ရန်ကုန်မှာဆိုရင် စမ်းချောင်း၊ အင်းစိန်၊ သင်္ကန်းကျွန်းနဲ့ ကျောက်တံတားမြို့တွေမှာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Canal+ အရောင်းပြခန်း တွေကို ကြည့်ရှုသူတွေ အဆင်ပြေစေဖို့ မြန်မာတစ်နိုင်ငံလုံးမှာ ဆက်လက်ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Canal +  ဟာ ပြင်သစ်နိုင်ငံ အခြေစိုက် အခပေးရုပ်သံလိုင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာCanal + Myanmar FG  နဲ့အကျိုးတူ ပူးပေါင်းဆောင်ရွက်ကာ Canal +  ကို မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၆ရက်က တရားဝင်စတင်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးသတင်းအဖွဲ့က ပေးပို့ထားပါတယ်။

 

 

 

 

Related News