ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ ကလေးများနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ က မန္တလေးမြို့ခုတင် ၃၀၀ ဆံ့ကလေးဆေးရုံကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ကလေးများနေ့ 
အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲကို မန္တလေးမြို့ခုတင် ၃၀၀ ဆံ့ကလေးဆေးရုံကြီးမှာ ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး ဆေးရုံမှာ ကာလရှည်တက်ရောက်ကုသမှုခံယူနေရပြီး နာတာရှည်ရောဂါခံစားနေရတဲ့ 
ကလေးတွေအတွက်စိတ်ပျော်ရွှင်မှုရရှိစေဖို့ရည်ရွယ်ပြုလုပ်ပေး တာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလိုပြုလုပ်ပေးခြင်းဖြင့်ကလေးတွေ တက်ကြွတဲ့စိတ်တွေ ဖြစ်စေတဲ့အပြင် ဂိမ်းတွေပါဝင်ဆော့ကစားစေချင်အားဖြင့် 
ကိုယ်လက်လေ့ကျင့်ခန်းအတွက်လည်း ပြုလုပ်ပြီးသားဖြစ်စေတယ်လို ပြောပါတယ်။
 
ကလေးများနေ့အထိမ်းအမှတ် အစီအစဉ်တွေအနေနဲ့ကလေးတွေကို ပျော်ပျော်ရွှင်ရွှင် ဆော့ကစားစေခြင်း၊ တေးသီချင်းများနဲ့ဖျော်ဖြေခြင်း၊လက်ဆောင်ပစ္စည်းများပေးခြင်း၊ မုန့်အဟာရကျွေးမွေးခြင်းနဲ့ ဂိမ်းကစားခြင်းအစီအစဉ်တွေကိုပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၁၃ရက် နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တဲ့အပြင် ကလေးများနေ့ ဖြစ်တာကြောင့် ကလေးတွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ဗဟုသုတရတွေ ပြောပြတာနဲ့ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ်ပဲပြုတ်နဲ့ နံပြားကိုလည်းကျွေးမွေးခဲ့ပါတယ်။ မန္တလေးမြို့ခုတင် ၃၀၀ ဆံ့ကလေးဆေးရုံကြီးမှာကလေးသူငယ် ၁၅၀ ၀န်းကျင် တက်ရောက် နေတာဖြစ်ပြီး အများစုမှာ နာတာရှည်ရောဂါခံစားနေရတဲ့ ကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 

Related News