ဝိတိုရိယဆေးရုံရဲ့ (၅)ကြိမ်မြောက် Victoria Kid Day အခမ်းအနားကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့က ၀ိတိုရိယဆေးရုံမှာ ကျင်းပခဲ့ပါတယ်။ဒီပွဲကို ၀ိတိုရိယဆေးရုံမှာ (၂၀၁၁)ခုနှစ်မှ (၂၀၁၇)ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ ကလေးငယ်တွေရဲ့ မိသားစုဝင်တွေအတွက် ဂုဏ်ပြုပေးတာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ မိသားစုဓါတ်ပုံ ရိုက်ကူးမှုများ၊ကလေးငယ်တွေအတွက်ဂိမ်းအစီအစဉ်ဆော့ကစားမှုမျိုးစုံတွေအပြင် အာဟာရဆိုင်ရာ ဆရာဝန်ကြီးရဲ့ အခမဲ့ကြည့်ရှုခြင်းတွေနဲ့ အရေးပြားဆိုင်ရာဆရာဝန်ကြီးတွေရဲ့  အခမဲ့ကြည့်ရှုပေးမယ့် အစီအစဉ်တွေလည်း ပါဝင်တာဖြစ်ပါတယ်။အခုကျင်းပတဲ့အခမ်းအနားမှာ ကလေးမိသားစုဝင်အများဆုံးတက်ရောက်ခဲ့ကြသလို ကလေးငယ်လေးတွေကို အာဟာရတိုက်ကျွေးမှုများ၊ ကျန်းမာရေးစစ်ဆေးပေးမှုတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။
 
ဒါ့အပြင် ကလေးငယ်တွေရဲ့သီချင်းဆို ပြိုင်ပွဲမှာ ဆုရရှိတဲ့ ကလေးငယ် တွေကိုလည်း ဆုချီးမြှင့်မှုတွေလည်းပြုလုပ်ပေးတာကြောင့် မိသားစုဝင်တွေအများစုကလည်း လာရောက်အားပေးကြတာ ဖြစ်ပါတယ်။ဒီပွဲမှာ ၀ိတိုရိယဆေးရုံမှာမွေးဖွားပေးခဲ့တဲ့ကလေးငယ်တွေထဲမှ ကလေးဦးရေ(၄၅၀၀)ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ နောက်နှစ်တွေမှာလည်း အခုလိုကလေးများနေ့ကို ကျင်းပပေးဖို့ သတင်းစာတွေကနေ ဖိတ်ကြားသွားမှာဖြစ်သလို Witoriya General Hospital Page မှာလည်း ၀င်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။
 
 
 

Related News