လှိုင်မြို့နယ် အမှတ်(၃)ရပ်ကွက် သုခမိန်စာကြည်တိုက်ရဲ့ ဆဋ္ဌမအကြိမ်မြောက် စာပေ ဟောပြောပွဲနဲ့ ပညာရည်ချွန်ဆုချီးမြင့်ပွဲကို ဖော်ဖော်ဝါရီလ(၉)ရက်နဲ့(၁၀)ရက်က လှိုင်မြို့နယ် အေးရိပ်မွန်လမ်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီစာပေဟောပြောပွဲကို လှိုင်မြို့နယ် အမှတ်(၃)ရပ်ကွက်မှ ရပ်မိရပ်ဖတွေက ဦးစီးကျင်းပတာ ဖြစ်ပြီး (၂၀၁၂)ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပလာခဲ့တာဆိုရင် ဆဋ္ဌမအကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။ စာပေကို 
ချစ်မြတ်နိုးတဲ့ စာဖတ်ဝါသနာရှင်များ၊ ကျောင်းသားကျောင်းသူနဲ့ လူငယ်တွေ ဒီဟောပြောပွဲကနေ အသိပညာ ဗဟုသုတတွေ ရရှိစေဖို့အတွက် ရည်ရွယ်ကျင်းပ တယ်လို့ သိရပါတယ်။စာပေဟောပြောပွဲမှာ စာရေးဆရာ 
ဦးဘုန်း(ဓာတု)၊သားသခင်(မကွေး)၊ ဆရာ အော်ပီ ကျယ်၊ ဆရာညိုမင်းညိုနဲ့ ဆရာမောင်သာချိုတို့ ဟောပြောခဲ့တာ ဖြစ်ပါတယ်။
 
စာပေဟောပြောပွဲ ပထမနေ့မှာ ဦးဘုန်း(ဓာတု)မှ ကဗျာဆရာကြီးဦးတင်မိုးရဲ့ ကဗျာတွေထဲမှ လူငယ်တွေ ဗဟုသုတရစေမယ့် အကြောင်း အရာတွေကို ဟောပြောခဲ့ပြီး လူငယ်တွေအနေနဲ့စာဖတ်ဖို့ကို အခုလို ပြောပြခဲ့ပါတယ်။ဒါ့အပြင် စာပေဟောပြောပွဲမှာ လှိုင်မြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူးရရှိခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူတွေကိုပါ ပညာရည်ချွန်ဆု ချီးမြင့်ခဲ့ပြီး ဒီဆုချီးမြင့်ပွဲကို နောင်လာ မယ့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူတွေ အားကျ အတုယူစေဖို့ အတွက် ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဆုချီးမြင့်ရာမှာ (၅)ဘာသာဂုဏ်ထူးရှင်(၂)ဦး အပါအ၀င် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးကို တစ်ဘာသာကို (၂)သောင်းကျပ်နှုန်းနဲ့ ချီးမြင့်ခဲ့တာ ဖြစ်ပါတယ်။စာပေဟောပြောပွဲကို (၂)ရက်ကြာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး စာပေကို ချစ်မြတ်နိုးတဲ့ စာဖတ်ဝါသနာရှင်တွေ၊ လူကြီး လူငယ်တွေနဲ့ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
 
 
 
 

Related News